
တရုတ်နိုင်ငံအနောက်စွန်း ရှင်ကျန်းပြည်နယ်မှာ ချည်ထည်နဲ့ အဝတ်အထည်လုပ်ငန်းဟာ ပြင်ပ ဖိနှိပ်မှုနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရှိနေပေမဲ့ အလုပ်အကိုင် တသန်းကျော် ဖန်တီးပေးခဲ့တယ်လို့ ရှင်ကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ဒေသန္တရအစိုးရဥက္ကဋ္ဌ အာကင်တူနီယာဇ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ယွမ်ငွေ ၁၀၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၈ ဘီလီယံလောက်)တန်တဲ့ ထုတ်လုပ်မှုတန်ဖိုးကို ဖော်ဆောင်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။
အာကင်တူနီယာဇ်က “ကျနော်တို့ကို ပိုဖိနှိပ်လေလေ၊ ကျနော်တို့မှာ အားသာချက်တွေရှိပြီး မှန်ကန်တဲ့အရာကို လုပ်နေတယ်ဆိုတာ ပိုသက်သေပြလေလေပဲ”လို့ ပြောပါတယ်။
ရှင်ကျန်းပြည်နယ်ဟာ နည်းပညာတွေကို ခေတ်နဲ့အမီ မွမ်းမံနေပြီး၊ စီမံခန့်ခွဲမှု ဆန်းသစ်တီထွင်မှုနဲ့ အမှတ်တံဆိပ် တည်ဆောက်မှုကို အရှိန်မြှင့်တင်မှာဖြစ်ပြီး အရည်အသွေးမြင့် အထည်ရက်လုပ်ဖို့ ရှင်ကျန်းဝါပင်တွေကို စိုက်ပျိုးရင်း ခိုင်မာတဲ့ ချည်ထည်လုပ်ငန်းတခု တည်ဆောက်မယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
Source: Reuters










