Home
မြန်မာသတင်း
ပွင့်ဖြူ ဒေသခံပြည်သူ ၃ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး
DVB
·
September 15, 2021
240679366_2664755920492519_6900017027371832610_n

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က ပြည်သူ ၃ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

NUG အစိုးရနဲ့ အဆက်သွယ်ရှိတယ်ဆိုပြီး ဒလန်တွေက မဟုတ်မမှန်သတင်းပေးတာကြောင့် မနေ့က မနက် ၃ နာရီလောက်မှာ ကျောင်းကုန်းကြီးကျေးရွာက ဦးအောင်ကြည်နဲ့ ကိုနိုင်လင်းတို့ ကို စစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် မွန်းလွဲ ၂ နာရီခွဲလောက်မှာ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းမြို့ သူဌေးတန်းအရှေ့ပိုင်းက ကိုကျော်မြင့်သိန်းကိုလည်း အကြမ်းဖက်စစ်အုပ်စုတွေက လာရောက်ဖမ်းဆီးသွားပြီးတော့ မြို့ထဲမှာလည်း မွှေနှောက်စုံစမ်းနေပါတယ်။

ပွင့်ဖြူမြို့နယ်ထဲမှာ ဒလန်တွေက မမှန်သတင်းပေးတာကြောင့် NLD ပါတီဝင်တွေနဲ့ ပါတီထောက်ခံဝန်းရံကြတဲ့ ပြည်သူတွေ မကြာခဏ ဖမ်းဆီးခံနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024