DVB Logo
Home
နိုင်ငံတကာ
မီးပျက်နေသည့် ကျူးဘားကို ကြိုက်သလို လုပ်လို့ရပြီဟု ထရမ့်ပ်ပြော
DVB
·
September 14, 2021
photo:Reuters
photo:Reuters
Donate to DVB

အမေရိကန်ရဲ့ ရေနံပိတ်ဆို့မှုကြောင့် တနိုင်ငံလုံး ဓာတ်အားပြတ်တောက်နေတဲ့ ကျူးဘားကျွန်းနိုင်ငံ ကို ကြိုက်တာလုပ်လို့ ရနေပြီဖြစ်ပြီး ကျူးဘားကို သိမ်းနိုင်တယ်ဆိုတဲ့ ဂုဏ်ကို ရရှိတော့မယ်လို့ ယုံကြည်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

ကျူးဘားမှာ နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အားစနစ် ပြိုကျသွားတာကြောင့် ပြည်သူတွေဟာ တနေ့ကို နာရီ ၂၀ အထိ မီးပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဇန်နဝါရီ ၉ ရက်ကစလို့ ရေနံတင်သွင်းခွင့် ပိတ်ဆို့ခံထားရတာကြောင့် လျှပ်စစ်ကဏ္ဍနဲ့ ခရီးသွား လုပ်ငန်းအပါအဝင် နိုင်ငံစီးပွားရေးအကြီးအကျယ် ထိခိုက်နေပါတယ်။

ဒီစီးပွားရေးကျပ်တည်းမှုကို ဖြေလျှော့ဖို့ ပြည်ပရောက် ကျူးဘားနိုင်ငံသားတွေကို ပြည်တွင်းမှာ စီးပွားရေး လုပ်ကိုင်ခွင့်ပြုမယ်လို့ နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး အော်စကာ ပီရက်ဇ် အိုလီဗာက မတ် ၁၆ ရက်မှာ ကြေညာပါတယ်။

အမေရိကန်အစိုးရအဖွဲ့ဟာ ကျူးဘားသမ္မတ မီဂွယ် ဒီယက်ဇ်ကာနယ်ကို ရာထူးကနေ ဖယ်ရှားဖို့ ဆန္ဒရှိနေတယ်လို့ နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြပါတယ်။

လက်ရှိမှာတော့ မီးအကြာကြီး ပြတ်နေတာ၊ အစားအသောက်နဲ့ ဆေးဝါးပြတ်လပ်တာတွေကြောင့် ပြည်သူတွေကြား မကျေနပ်မှုတွေ ကြီးထွားလာနေပါတယ်။

အစိုးရရုံး တရုံးကို ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ ဆန္ဒပြသူ ၁၄ ယောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ပြည်သူတွေရဲ့ မကျေနပ်မှုတွေကို နားလည်ပေမဲ့ အကြမ်းဖက်မှုတွေကိုတော့ လက်ခံမှာ မဟုတ်ဘူး လို့ သမ္မတ ဒီယက်ဇ် ကန်နယ်က ပြောပါတယ်။

ကျူးဘားဘက်က အမေရိကန်နဲ့ သဘောတူညီချက်တခု ရယူချင်နေပြီး မကြာခင် အကောင်အထည် ပေါ်လာနိုင်တယ်လို့ သမ္မတ ထရမ့်ပ်က အရိပ်အမြွက် ပြောထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013