ရုရှားက ယူကရိန်းထက်ပိုသည့် နယ်မြေကို လိုလားနေဟု ဂျာမနီအဓိပတိပြော

ရုရှားဟာ သူတို့ဘာလိုချင်သလဲ ဆိုတာကို ကောင်းကောင်းသိထားပြီး၊ ယူကရိန်းထက် ပိုတဲ့ အရာ တွေကို လိုလားနေတယ်လို့ ဂျာမနီအဓိပတိ ဖရက်ဒရစ်ချ်မာဇ်က နိုဝင်ဘာ ၂၅ ရက်က ဂျာမန် လွှတ်တော်မှာ ပြောတဲ့ မိန့်ခွန်းအတွင်း ဂျာမန်ပြည်သူတွေကို သတိပေးပြောပါတယ်။
မာဇ်က အောက်လွှတ်တော်မှာ ကာကွယ်ရေး အသုံးစရိတ်နဲ့ ယူကရိန်းနိုင်ငံအတွက် အကူအညီ ပေးရေးတို့ကို ထောက်ခံပြောဆိုခဲ့ပြီး၊ ရုရှားအနေနဲ့ ပဋိပက္ခကို ပိုပြင်းထန်လာအောင် လုပ်နေသလို ယူကရိန်းအပေါ် ထိန်းချုပ်ထားရုံလောက်နဲ့ မကျေနပ်ဘဲ ပိုကြီးတဲ့ ရည်မှန်းချက်တွေ ရှိနေတယ်လို့ လည်း ပြောပါတယ်။
ဂျာမနီနိုင်ငံဟာ နိုင်ငံတော်ရဲ့ အဓိကတာဝန်တရပ်ဖြစ်တဲ့ ပြင်ပလုံခြုံရေးကို အာမခံချက် ပေးနိုင်ရေး အတွက် သုံးရမဲ့ငွေကြေးကို အလွန်ကြာကြာ လျှော့ချချွေတာခဲ့တာပါ။
လုံခြုံရေးအတွက် တခြားသူတွေကိုသာ အားကိုးခဲ့ကြတယ်လို့ မားဇ်က ပြောပါတယ်။
“ကျနော်တို့က ကိုယ်ပိုင် လုံခြုံရေးကို ထိခိုက်စေခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်တွေက မူဝါဒတွေကို ခုတော့ အဆုံးသတ်လိုက်ပြီ” လို့လည်း မားဇ်က ဖြည့်စွက် ပြောပါတယ်။
အတိုက်အခံ အစွန်းရောက်လက်ယာယိမ်းပါတီဖြစ်တဲ့ 'ဂျာမနီအတွက် တခြားရွေးချယ်စရာ'လို့ နာမည်ပေးထားတဲ့ ပါတီရဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ တီနို ချရူပါလာက ဗုဒ္ဓဟူးနေ့ လွှတ်တော် ဘတ်ဂျက်ဆွေးနွေးပွဲကို စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။
အစိုးရအဖွဲ့အနေနဲ့ "ကမ္ဘာပေါ်မှာ အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံတွေထဲက တခုဖြစ်တဲ့ ယူကရိန်းနိုင်ငံနဲ့ စီးပွားရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ အားပေးအားမြှောက်လုပ်နေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပါတယ်။
Source:Reuters











