DVB Logo
Home
မြန်မာသတင်း
နတ်မောက်မြို့နယ်တွင် ပြည်သူ ၅ ဦးအဖမ်းခံရ
DVB
·
September 14, 2021
နတ်မောက်မြို့နယ်တွင် ပြည်သူ ၅ ဦးအဖမ်းခံရ
Donate to DVB

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အမှိုက်ပင်ကျေးရွာက ဒေသခံပြည်သူ ၅ ဦးကို စက်တင်ဘာလ ၁၃ ရက် ည ၉ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ နတ်မောက်မြို့နယ်၊ အမှိုက်ပင်ကျေးရွာမှာနေထိုင်တဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ကျေးရွာကနေအိမ် တစ်အိမ်ကိုလည်း ဝင်ရောက်ရှာဖွေသွားကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒေသခံတဦးက "ညကြီးဗျာ။ စစ်ကားတွေနဲ့ တဝုန်းဝုန်းရောက်လာကြတယ်။ ရွာက ဦးမျိုးချစ် ရဲ့အိမ်ကို ဝင်မွှေနှောက်ရှာဖွေပြီး အတွင်းကပစ္စည်းတွေ ဖျက်ဆီးသွားတယ်။ ဒီမနက်မှသိရတာကတော့ သားမျှားရွာက ဒလန်ရဲ့ မဟုတ်မမှန် သတင်းပေးတာလို့သိရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကလည်း နတ်မောက်မြို့နယ်၊ စိုင်ကောင်းကျေးရွာမှာ ပရဟိတလုပ်ဆောင်နေတဲ့ ရဟန်း ၁ ပါးနဲ့ ပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013