DVB Logo
Home
မြန်မာသတင်း
ရွှေစာရေးကျေးရွာက မသန်စွမ်းလူငယ်အပါအဝင် ၂ ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး
DVB
·
September 14, 2021
ရွှေစာရေးကျေးရွာက မသန်စွမ်းလူငယ်အပါအဝင် ၂ ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရွှေစာရေးကျေးရွာက ရွာသားလူငယ်နှစ်ဦးကို စက်တင်ဘာ ၁၃ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်ပြန်ကြိုးတုပ် ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ရွှေစာရေးကျေးရွာသားတွေဆီက သိရပါတယ်။

‌ရွှေစာရေးဒေသခံတစ်တစ်ဦးက “ကျနော်တို့ ချင်းတွင်းမြစ်ကနေ အထက်ကိုဆန်တက်လာတဲ့ စစ်သင်္ဘော ၅ စီးက  ကျနော်တို့ရွာရဲ့ အောက်ဘက် ဝန်ဘိုကျေးရွာအနီး ဆိပ်ကမ်းမှာကပ်ပြီး စစ်သား ၃၀ လောက်နဲ့ ကုန်းကြောင်းလျှောက်လာကြတယ်ဗျ။ အချိန်က ၁၂ ခွဲကျော်လောက် ထင်တယ်ဗျ။ သူတို့တွေ လာကြတော့ ရွာသားတွေ ကြောက်ပြီး ထွက်ပြေးကြတာ။ ဘယ်သူမှ PDF မဟုတ်သလို၊ ဘယ် PDF အဖွဲ့မှ မရှိဘူးဗျ။ အဲဒီလို ထွက်ပြေးကြတာ သူတိုအဖွဲ့နဲ့ တန်းတိုးပြီး အဖမ်းခံလိုက်ရတာ။ ပထမတော့ ၅ ဦး အတူတူပြေးကြတာ။ သူတို့လည်း မြင်ရော အဲဒီကလေး ၅ ဦးထဲက ၃ ဦးက လွတ်အောင်ပြေးနိုင်တယ်ပေါ့ဗျ။ ၂ ဦးက မလွတ်ဘူး၊ ဖမ်းခံလိုက်ရတယ်” လို့ ပြောပါတယ်။

ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူငယ် ၂ ဦးထဲမှာ ၁ ဦးက မသန်စွမ်းသူဖြစ်တယ်လို့ ရွာသားက ပြောပါတယ်။

“ကလေးတစ်ဦးက မသန်စွမ်းတစ်ဦးဗျ။ ဖမ်းပြီး ရိုက်ထားတာ၊ ကလေးတွေ သွေးတွေနဲ့ဗျာ။ အဲဒီလို ဖမ်းပြီး သူတို့စစ်သင်္ဘောပေါ် တင်ခေါ်သွားတယ်။ ဘာကြောင့်ဖမ်းတာလဲဆိုတော့ဗျာ သူတို့ ခိုင်းချင်တာ ခိုင်းရအောင်လို့ အလုပ်သမားအဖြစ် ဖမ်းတာလို့ ပြောရမှာပဲဗျ။ အခုလို အပြစ်မဲ့ ကလေးတွေ ဖမ်းသွားတော့ မိသားစုဝင်တွေကတော့ စိတ်ပူနေကြရတာပေါ့။ မသန်စွမ်းတဲ့ ကလေးအမေဆို နှလုံးရောဂါသည်ဆိုတော့ ပိုဆိုးတယ်ဗျ။ အဖမ်းခံလိုက်ရတဲ့ ကလေးအမည်တွေက မောင်ရဲကိုကိုဦး အသက်က ၂၇ လောက်နဲ့ နောက်တစ်ယောက်က မောင်ဖိုးသား အသက်က ၃၀ ဖြစ်တယ်ဗျ။” 

ဘုတလင်မြို့နယ်၊ ရွှေစာရေးကျေးရွာဟာ အိမ်ခြေ ၂၇၀ ခန့်ရှိပြီး ချင်းတွင်းမြစ်ကြောင်းရဲ့ ပထမမြစ်ကျဉ်းလို့ အများသိတဲ့ မြစ်ကမ်းအ‌ရှေ့ဘက်မှာ တည်ရှိတဲ့ရွာလည်း ဖြစ်ပါတယ်။ 

အဲဒီရွှေစာရေးမြစ်ကျဉ်းမှာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ကနီ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာနဲ့ အနီးဆုံးကျေးရွာတရွာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013