DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်က ဒေါ်လာ ၁၅ သန်းထုတ်ရောင်း ၊ တစ်ဒေါ်လာကို ကျပ် ၁၉၉၀ ဈေးပေါက်
DVB
·
September 13, 2021
ဗဟိုဘဏ်က ဒေါ်လာ ၁၅ သန်းထုတ်ရောင်း ၊ တစ်ဒေါ်လာကို ကျပ် ၁၉၉၀ ဈေးပေါက်
Donate to DVB

မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်း ပြင်ပပျောက်စျေး တစ်ဒေါ်လာကို ကျပ်  ၂၀၀၀ ကျော် ထိ စံချိန်တင်အမြင့်စျေးရောက်နေချိန်မှာ  စစ်ကောင်စီ ဗဟိုဘဏ်က စက်တင်ဘာ ၁၃ ရက် ဒီကနေ့ အမေရိကန် ဒေါ်လာ ၁၅ သန်းကို ထုတ်ရောင်းချခဲ့ပါတယ်။ စက်တင်ဘာ ၁၂ ရက် မနေ့ကတော့ ဒေါ်လာငွေလဲနှုန်း ပြင်ပပေါက်ဈေးက တစ်ဒေါ်လာကို ကျပ် ၂၀၅၀ အထိ မြင့်တက်ခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက်မနေ့က ဒေါ်လာငွေလဲလှယ်နှုန်း ပြင်ပပေါက်ဈေးက တစ်ဒေါ်လာကို ကျပ် ၂၀၅၀ အထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက်  ဗဟိုဘဏ်က လေလံအတွက်ပျဉ်းမျှ ငွေလဲနှုန်းကို  တစ်ဒေါ်လာ ကျပ် ၁၇၅၀ သတ်မှတ်ကာ  ဒေါ်လာတွေ ထုတ်ရောင်းတဲ့ ဒီကနေ့မှာတော့  ဒေါ်လာဈေးက ကျပ် ၁၉၉၀ အထိ ပြန်ကျသွားခဲ့ပါတယ်။ 

ဗဟိုဘဏ်အနေနဲ့ အခု စက်တင်ဘာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁၅ သန်း ဒီကနေ့ ထုတ်ရောင်းချခဲ့တာဖြစ်ပါတယ်။

ယခင်ကဒေါ်လာစျေး မတည်ငြိမ်မှုကို  သုံးသပ်တွက်ချက်နေစဉ်ဖြစ်လို့ စျေးကွက်အတွင်းဒေါ်လာ ထုတ်ရောင်းချတာကို ဗဟိုဘဏ်က ခေတ္တ ရပ်နားထားတာဖြစ်ပြီး အခုသီတင်းပတ်ကစပြီး နောက်ပိုင်းမှာလို အပ်ချက်အပေါ် မူတည်ပြီး ယခင်ထက် ပမာဏများများ ထုတ်ရောင်းချသွားဖို့စီစဉ်နေတယ်လို့  စစ်ကောင်စီ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ပြည်တွင်းမီဒီယာ တစ်ခုကို ပြောဆိုထားပါတယ်။

ဗဟိုဘဏ်ဟာ စျေးပြိုင်လေလံနဲ့ ဖော်ဖော်ဝါရီလမှာ ကန်ဒေါ်လာ ၆ ဒသမ ၈ သန်း၊ ဧပြီလမှာ ၁၂ သန်း၊ မေလမှာ ၂၄ သန်း ၊ ဇွန်လမှာ ၁၂ သန်းနဲ့ ဇူလိုင်လမှာ  ၃၉ သန်း၊ သြဂုတ်လမှာ ၂၈သန်း ရောင်းချပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက နိုင်ငံခြားငွေကြေးလဲလှယ်တဲ့လုပ်ငန်းရှင်တွေနဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တချို့ကို မြန်မာနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးဌာနကဖမ်းဆီးခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013