DVB Logo
Home
မြန်မာသတင်း
D-Day အရေးပေါ်ထောက်ပံ့ပွဲနှင့် PDF များအန္တရာယ်ရှင်းရေး ဆုတောင်းပွဲ နာဂိုယာမြို့၌ ကျင်းပ
DVB
·
September 13, 2021
D-Day အရေးပေါ်ထောက်ပံ့ပွဲနှင့် PDF များအန္တရာယ်ရှင်းရေး ဆုတောင်းပွဲ နာဂိုယာမြို့၌ ကျင်းပ
1 / 6
Donate to DVB

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ အန္တရာယ်ရှင်း ဘေးကင်းစေဖို့ ဆုတောင်းပွဲနဲ့ D-Day အရေးပေါ်ထောက်ပံ့ပွဲကို ဂျပန်နိုင်ငံ နာဂိုယာမြို့ မေတ္တာဓိကစေတီမှာ စက်တင်ဘာ ၁၂ ရက်နေ့က ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြုလုပ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ မြို့နယ်အသီးသီးမှာ တိုက်ပွဲဝင်နေတဲ့  PDFတွေ၊ တိုင်းရင်းသားလက်နက်ကိုင် ပြည်သူ့ဘက်တော်သားတပ်ဖွဲ့တွေနဲ့ စစ်အာဏာရှင် ခုခံတော်လှန်ရေးမှာ ပါဝင်ကြမယ့် ပြည်တွင်းမှ မြန်မာနိုင်ငံသားတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးကို အန္တရာယ်ရှင်းဘေးကင်းစေဖို့ မေတ္တာပို့ရွတ်ဖတ်ခဲ့ကြတာပါ။

ဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ MYC Nagoya (MNSO Jp)က ကိုစည်သူစံက “အခုအချိန်က အရမ်းကိုအရေးကြီးတဲ့အချိန်ကို ရောက်ရှိနေပါပြီ။ ဒါကြောင့် ပြည်ပရောက် ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး ထောက်ပံ့ပေးဖို့ အရင်ကထက် ပို၍ပို၍လိုအပ်လာပါပြီယူဆလို့ အခုလိုကျင်းပတာ” လို့  ပြောပါတယ်။

D-Day အရေးပေါ်အထောက်အပံ့ပွဲနဲ့ PDF တပ်ဖွဲ့ဝင်တွေ အန္တရာယ်ရှင်း ဘေးကင်းစေရေး ဆုတောင်းပွဲကို ကိုဗစ်ကန်သတ်ချက်ကြောင့် လူဦးရေအနည်မျှနဲ့သာ ကျင်းပခွင့်ရရှိခဲ့ပြီး နာဂိုယာမြို့အနီးမှာနေထိုင်တဲ့ ဂျပန်ရောက်မြန်မာနိုင်ငံသား ၅၀ကျော်နဲ့ ကျင်းပခဲ့ကာ ကောက်ခံရရှိတဲ့အလှူငွေတွေကို  NUGကနေ တဆင့်အမြန်ဆုံး ပေးပို့သွားမယ်လို့လည်း သိရပါတယ်။

နဂိုယာမြို့ မေတ္တာဓိကစေတီတော်ဟာ ၁၉၈၈ ခုကစလို့ မြန်မာ့ဒီမိုကရေစီရရှိရေးအစဉ် အကူအညီပေးနေတဲ့ ဂျပန်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဂျိုကီမာဂျီးမစံက ဦးဆောင် တည်ဆောက်ထားတာဖြစ်ပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013