DVB Logo
Home
မြန်မာသတင်း
၈၁ ကီလိုမီတာ အပြေးစိန်ခေါ်မှုကို ၁၀ နာရီခွဲကြာ ပြေးပြီး အောင်မြင်စွာ ပြီးမြောက်ခဲ့သည့် ဒေါက်တာမြင့်မိုရ်ဦး
DVB
·
June 8, 2026
Photo:DVB
Photo:DVB
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် “81 for 81 Challenge” နဲ့ Global Proof of Life Challenge လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဒေါက်တာ မြင့်မိုရ်ဦးဟာ ၈၁ ကီလိုမီတာ အပြေးစိန်ခေါ်မှုကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါတယ်။

ဒေါက်တာမြင့်မိုရ်ဦးဟာ စိန်ခေါ်မှုမစတင်ခင်ကတည်းက ဇွန် ၇ ရက်မှာ ၈၁ ကီလိုမီတာကို တရက်အတွင်း ပြေးသွားမယ်လို့ ကြေညာခဲ့ပြီး သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ Rouse Hill Regional Park မှာ ပြုလုပ်မယ်လို့ အသိပေးထားခဲ့ပါတယ်။ 

ဒါ့အပြင် အပြေးဝါသနာရှင်တွေနဲ့ ထောက်ခံသူတွေကိုလည်း လာရောက်ပြေးတာ၊ လမ်းလျှောက်တာတွေလုပ်ပြီး ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ 

ဒီစိန်ခေါ်မှုကို မနေ့ မနက် ၆ နာရီခွဲမှာ စတင်ခဲ့ပြီး ပြေးချိန်သီးသန့် ၁၀ နာရီခွဲ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ နားချိန်တွေ အပါအဝင် စုစုပေါင်းအချိန်ကတော့ ၁၄ နာရီကြာမြင့်ခဲ့ပြီး ည ၈ နာရီခွဲလောက်မှာ ၈၁ ကီလိုမီတာ ပြည့်မြောက်အောင် ပြေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အပြေးစိန်ခေါ်မှုအတွင်း ခြေလှမ်းပေါင်း ၉၅,၀၀၀ ကျော် လှမ်းခဲ့ရပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ခိုင်မာမှုကို စမ်းသပ်တဲ့ စိန်ခေါ်မှုတခုအဖြစ် အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။

အပြေးပြိုင်ပွဲကာလအတွင်း အစားအသောက်အဖြစ် အာဟာရဓာတ်ကြွယ်ဝတဲ့ Nutrition အစားအစာတွေနဲ့ အားဖြည့်အချိုရည်တွေကိုသာ အဓိကထား စားသောက်ခဲ့တယ်လို့ သူက ပြောပါတယ်။

မင်းသားကြီး ဦးကျော်သူရဲ့သမီးလည်းဖြစ် အပြေးသမားတယောက်လည်း ဖြစ်တဲ့ ဒေါက်တာမြင့်မိုရ်ဦးဟာ အရင်နှစ် သြဂုတ်လတုန်းကလည်း ဆစ်ဒနီ မာရသွန်ပြိုင်ပွဲကို မြန်မာရိုးရာရင်ဖုံးဝတ်စုံနဲ့ ဝင်ပြိုင်ပြီး ဂင်းနစ်စံချိန်တင်ခဲ့ဖူးပါတယ်။

“81 for 81 Challenge” ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုရင်း သူ့ရဲ့ အခြေအနေကို နိုင်ငံတကာအသိုက်အဝန်းက ဆက်လက် အာရုံစိုက်နေစေဖို့ ရည်ရွယ်တဲ့ Global Proof of Life Challenge ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013