DVB Logo
Home
မြန်မာသတင်း
တိုကျိုရှိ မြန်မာသံရုံးမြေကို ရောင်းစားရန် အကြမ်းဖက်စစ်ကောင်စီ ကြိုးစားနေ
DVB
·
September 13, 2021
တိုကျိုရှိ မြန်မာသံရုံးမြေကို ရောင်းစားရန်   အကြမ်းဖက်စစ်ကောင်စီ ကြိုးစားနေ
Donate to DVB

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်၊ နဂဝမြို့မှာရှိတဲ့ မြန်မာသံရုံးမြေကို အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့က နောက်ထပ်ပိုင်းရောင်းစားဖို့ စီစဉ်နေတယ်လို့ ခိုင်လုံတဲ့သတင်ရင်းမြစ်တွေကနေ သိရှိရပါတယ်။

“ ဒီမြေကြီးက ဘယ်ဗမာအစိုးရမှဝယ်ခဲ့တာတော့မဟုတ်ပါဘူး။ စစ်ကြိုခေတ်က ဗမာကုန်သည်တယောက်က ဝယ်ခဲ့တာကို စစ်ပြီးတော့ ဦးနုအစိုးရက သိမ်းလိုက်တာဖြစ်တယ်။ အခုလို တရားဝင်အစိုးရလည်းမဟုတ် စစ်အာဏာသိမ်းအုပ်စုက အခုလိုရောင်းချမယ်ဆိုရင် ဂျပန်အစိုးရအနေနဲ့တားဆီးသင့်တယ်”လို့  မြန်မာ့အရေးဆောင်ရွတ်နေသူ ဒေါက်တာကျော်တင့်က ပြောပါ တယ်။

တိုကျိုသံရုံးမြေကို ဦးနေဝင်းလက်ထက် ၁၉၈၈ ခုနှစ်ကလည်း ပထမအကြိမ်အဖြစ် မြေနေရာခွဲ ရောင်းချခဲ့စဉ်ကာလကလည်း မိမိအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသိပေးကာ ဂျပန်အစိုးရမှ တားဆီးပေးဖို့ ကြိုးစားခဲ့ကြပေမယ့် ဂျပန်အစိုးရကမတားဆီးခဲ့ပေးတော့ မအောင်မြင်ခဲ့ဘူးလို့ ထိုစဉ်က ဂျပန်နိုင်ငံမှာ မြန်မာအရေးဆောင်ရွက်ခဲ့ပြီး  လက်ရှိ အမေရိကန်မှာနေထိုင်သူ ဒေါက်တာ ကျော်တင့်က ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတာကို ထောက်ခံကြောင်း ဂျပန်မီဒီယာတွေမှာ အတိအလင်းထုတ်ဖော်ပြောကြားနေသူ ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ မစ္စတာဝါတနဘေးဟာလည်း စစ်ကောင်စီခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ စက်တင်ဘာ ၁၀ ရက်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး အခုလို သံရုံးမြေရောင်းချမယ့်ကိစ္စ သူပါဝင်ပတ်သက်မှာကို ဂျပန်ရှိမြန်မာနိုင်ငံသားတွေက စိုးရိမ်နေကြပါတယ်။

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၄၀ ကျော်နေထိုင်သွားတဲ့ မြန်မာသွားဆရာဝန်တယောက်က “အရင်ပထမရောင်းတုန်းက စျေးကမဆိုးပါဘူး။ ဂျပန်မှာ အခုချိန်က မြေစျေးတွေ ကျနေလို့ အခုအချိန်ရောင်းရင် ထက်ဝက်စျေးပဲရမယ်။ ကျနော်တောင်ပြီးခဲ့တဲ့လက ပေါက်စျေးထက် တဝက်ချရောင်းခဲ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ခုလို သံရုံးမြေရောင်းချမယ့်ကိစ္စနဲ့ ပတ်သက်လို့ တိုကျိုမြိုရှိ မြန်မာသံရုံးကိုဖုန်းဆက်ခေါ်ပေမယ့် ဖုန်းမကိုင်တဲ့အတွက် အကျိုးအကြောင်း မသိရသေးပါဘူး။

ပထမ တကြိမ်ရောင်းခဲ့စဉ်က ဂရမ်မြေအရှုပ်အရှင်းကြောင့် ကြန့်ကြာခဲ့ပြီး ဝယ်ယူသူ ဂျပန်စီးပွါးရေးလုပ်ငန်းရှင်ကို မြန်မာနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေ ပေးခဲ့ကာ လက်ရှိ အချိန်ထိမြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်နေ တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

ကမ္ဘာအနှံ့မှာရှိတဲ့ မြန်မာသံရုံးပေါင်း ၄ဝ ထဲမှာ ၁၈ နိုင်ငံမှာ ကိုယ်ပိုင်မြေ ရှိပြီး ၂၂ နေရာ ကတော့ ငှားရမ်း ဖွင့်ထားရတယ်လို့ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၁၄ ခု က လွှတ်တော်မှာရှင်းပြခဲ့ဖူးပါတယ်။ 

သံရုံးတွေထဲမှာ ကာလ ပေါက်စျေးအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပိုင်ဆိုင်မှု ဒေါ်လာသန်း ၁၃ဝဝ ကျော်၊ အိန္ဒိယ နယူးဒေလီက သံရုံးက ဒေါ်လာသန်း ၄ဝဝ ကျော်၊ ဂျပန်နိုင်ငံ တိုကျိုမြို့က သံရုံးက ဒေါ်လာသန်း ၂၅ဝ နီးပါးဖြစ်တယ်လို့ ထိုစဉ်က နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင်ဦးလွင်က အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ အေးမောင်က မေးမြန်းခဲ့ရာမှာ ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013