
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ စတိုးဆိုင်တဆိုင်ကနေ ဩဂုတ် ၂၅ ရက်က အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ သန်း တန်ဖိုးရှိ တန်ဖိုးကြီး လက်ပတ်နာရီ ၄ လုံးကို ဖောက်ထွင်းသူခိုးတွေ ခိုးယူသွားကြတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဂျပန်အမျိုးသားရုပ်သံလွှင့်ဌာန NHK က ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြချက်အရ မွန်းတည့်ချိန်လောက်မှာ အမျိုးသား ၂ ယောက်ဟာ ဆိုင်ရဲ့ မှန်ပြခန်းကို တူတွေနဲ့ ရိုက်ခွဲပြီး ၁၀ စက္ကန့် အတွင်း တန်ဖိုးကြီး လက်ပတ်နာရီ ၄ လုံးကို ယူဆောင်ထွက်ပြေးသွားခဲ့ကြတာပါ။
သံသယရှိသူ ၂ ယောက်စလုံး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တယောက်က ခြေလျင်၊ နောက်တယောက်က စကူတာမော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကို လက်ရှိမှာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး သံသယရှိသူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
အဲဒီနာရီဆိုင်ဟာ အဆင့်မြင့် တန်ဖိုးကြီးပစ္စည်းဆိုင် အများအပြားရှိတဲ့ နာကာနို ဘရော့ဒ်ဝေး စျေးဝယ်စင်တာအတွင်းမှာ တည်ရှိတာဖြစ်ပါတယ်။
Source: Reuters











