DVB Logo
Home
မြန်မာသတင်း
ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့တွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံပွဲပြုလုပ်
DVB
·
September 13, 2021
ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့တွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံပွဲပြုလုပ်
1 / 13
Donate to DVB

ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံတဲ့ ဆန္ဒထုတ်ဖော်ပွဲကို ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့က ကမ္ဘာလည့်ခရီးသွားတွေ အလာများတဲ့ Römerberg ​နေရာမှာ   စက်တင်ဘာ ၁၂ ရက်​ ကျင်းပပါတယ်။

သံအမတ်ကြီးဦး​ကျော်မိုးထွန်း​ထောက်ခံပွဲနဲ့ အတူ နွေဦးတော်လှန်ရေး ရန်ပုံငွေ Raffel Ticket ဝယ်ယူထားတဲ့ ဂျာမနီရောက် ပြည်သူတွေအတွက် လက်ဆောင်ပစ္စည်းပေးပွဲပါ ပြုလုပ်ရာမှာ  လူဦးရေ ၁၀၀ လောက်တက်ရောက်ခဲ့ပါတယ်။

တော်လှန်ရေးမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ရင် ကျဆုံးသွားတဲ့  တိုင်းရင်းသား ညီအစ်ကို မောင်နှမ တော်လှန်ရေးရဲဘော်တွေကို  ငြိမ်သက်အလေးပြု ဂုဏ်ပြုခဲ့သလို တိုင်းရင်းသားရိုးရာ သီချင်းတွေလည်း သီဆိုခဲ့ကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUG အစိုးရကသာ မြန်မာပြည်ကို ကိုယ်စားပြုကြောင်းနဲ့ သူတို့ကိုသာ လက်ခံပေးဖို့ လက်မှတ်တွေရေးထိုးခဲ့ကြပြီး  ကောက်ခံရရှိတဲ့ လက်မှတ်တွေကို ဂျာမနီနိုင်ငံ ဘွန်းမြို့ရှိ  ကုလသမဂ္ဂရုံသို့ ပေးပို့သွားမယ်ဖို့ အစီအစဉ် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013