DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့နယ်တွင် စစ်ရဟတ်ယာဉ်အချို့ ပျံသန်း
DVB
·
September 11, 2021
ဖားကန့်မြို့နယ်တွင် စစ်ရဟတ်ယာဉ်အချို့ ပျံသန်း
Donate to DVB

အင်တာနက် ဖြတ်တောက်ထားတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီလောက်က စစ်ရဟတ်ယာဉ်တွေ ပျံသန်းနေပြီး ဗျူဟာကုန်းပေါ် လက်နက်လာချသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“စစ်ရဟတ်ယာဉ် စုစုပေါင်း ၃ စီး ပျံနေတာ။ တစ်စီးက အပေါ်ကနေ ကင်းစောင့်ပေးနေတာလား မသိဘူး။ တစ်စီးအရင်ဆင်းလာပြီး လက်နက်လာချသွားတယ်။ ပထမတစ်စီးက ပစ္စည်းချတာ ၁၅ မိနစ်ကြာတယ်။ နောက်တစ်စီးက ၈ မိနစ်ကြာတယ်။ အရင်ရက်ကလည်း အဲ့လိုပဲ။ လက်နက်လာချတာထင်တယ်။ ဒီမှာတော့ အင်တာနက်လည်း မရနဲ့။ စစ်ရေးတင်းမာလာမှာလားဆိုပြီး အားလုံး စိုးရိမ်နေကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကလည်း ဖားကန့်မြို့ပေါ် စစ်ရဟတ်ယာဉ်တွေ ပျံဝဲနေပြီး ဗျူဟာကုန်းပေါ် ဆင်းသက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်ပြည်သူတွေဟာ ဒီကနေ့ စက်တင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းမှာလည်း လူအင်အား ၁၀၀ ကျော်လောက်နဲ့ မှော်တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ရဟတ်ယာဉ်တွေ ပျံနေလည်း မတတ်နိုင်ဘူး။ စစ်အာဏာရှင်ကိုတော့ အဆုံးထိ တော်လှန်ရမှာပဲ။ ကျနော်တို့ KIA နဲ့ PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ၊ God Bless KIA ၊ NUG အစိုးရ တို့ အစိုးရ၊ သံအမတ် ဦးကျော်မိုးထွန်းကို ကြိုဆိုပါတယ်။ အဲ့ဒီကြွေးကြော်သံတွေနဲ့ လုပ်ခဲ့တယ်။ အင်တာနက်ဖြတ်လည်း စစ်အာဏာရှင်ကျဆုံးတဲ့အထိ တော်လှန်မယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့ကို ဩဂုတ်လ ၂၀ရက် ည ၈နာရီကစပြီး ဖုန်းအင်တာနက်၊ ဝိုင်ဖိုင်အင်တာနက်တွေကို ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013