DVB Logo
Home
မြန်မာသတင်း
မြိုင် PDF တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၇ ဦး သေဆုံး
DVB
·
September 11, 2021
မြိုင် PDF တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၇ ဦး သေဆုံး
Donate to DVB

မကွေးတိုင်း၊ မြိုင် PDF တပ်ဖွဲ့က စက်တင်ဘာလ ၆ ရက်မှ  ၉ ရက်အထိ ဖောက်ခွဲ၊ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးခဲ့ပြီး Mytel တာဝါတိုင် ၆ တိုင် ပျက်စီးသွားတယ်လို့  စက်တင်ဘာ ၁၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

မြိုင်မြို့နယ်နဲ့ ပုလဲမြို့နယ်အစပ်မှာ စက်တင်ဘာ ၉ ရက်က မြိုင်PDF ၊ ပုလဲPDF နဲ့ PRA တပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးပြီးတော့ PDF ဘက်က အထိခိုက်အကျဆုံးမရှိဘဲ ဆိုင်ကယ်တချို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး စက်တင်ဘာ ၆ ရက်မှာ စစ်တပ်ပိုင်  စီးပွားရေးလုပ်ငန်းကြီးဖြစ်တဲ့ Mytel တာဝါတိုင် ၆ တိုင်ကို ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး စက်တင်ဘာ ၈ ရက်မှာ စစ်ကောင်စီရဲ့ သတင်းပေး ဒလန် ၄ ယောက်ကို ပစ်ခတ်သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၉ ရက်မှာပဲ အကြမ်းဖက်စစ်ကောင်စီကို ဆက်ကြေးပေးပြီး ပြေးဆွဲနေတဲ့ ရေနံစိမ်းသယ် ဆီဘောက်ဆာယာဉ်တစ်စီးကိုလည်း ဖောက်ခွဲ သတိပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013