DVB Logo
Home
မြန်မာသတင်း
ကိုးကန့်ဒေသ လောက်ကိုင်နှင့် ကုန်းကြမ်းတွင် ပုဒ်မ- ၁၄၄ ထုတ်ပြန်
DVB
·
September 10, 2021
ကိုးကန့်ဒေသ လောက်ကိုင်နှင့် ကုန်းကြမ်းတွင်   ပုဒ်မ- ၁၄၄ ထုတ်ပြန်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  လောက်ကိုင်နဲ့ ကုန်ကြမ်းမြို့နယ်ကို  စစ်ကောင်စီက စက်တင်ဘာ ၉ ရက်နေ့မှာ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ- ၁၄၄ ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။

ည ၉ နာရီမှ မနက် ၅ နာရီအထိ အမိန့်တစ်စုံတစ်ရာ မပါဘဲ လုံခြုံရေးတာဝန်ရှိသူမှအပ သွားလာခွင့်မပြုဆိုတဲ့အပြင် လမ်းတွေနဲ့ လူစည်ကားရာနေရာတွေ၊ လူအများနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ  လူ ၅ ဦးထက်ပိုပြီး စုဝေး၊ စီတန်း၊ လှည့်လည်တာ၊ ဟစ်အော်ကြွေးကြော်တာ၊ လှုံဆော်တာ၊ ရုန်းရင်းဆန်ခတ်မပြုလုပ်ရလို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုးကန့်ဒေသကို ပုဒ်မ-၁၄၄ ထပ်မံထုတ်ပြန်တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာပဲ လောက်ကိုင်မြို့အနီးမှာပေါက်ကွဲသံတွေကြားနေရလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

လောက်ကိုင်မြို့ပေါ်ကနေ ပေါက်ကွဲသံတွေကြားနေရတာဟာ တရုတ်တပ်မတော်က နယ်ခြားစည်းမှာ ထောင်ထားတဲ့ သက်တမ်းလွန်မိုင်းတွေကို ဖောက်ခွဲဖျက်ဆီးတာဖြစ်တယ်လို့ လည်း အကြမ်းစစ်ကောင်စီနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောင်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ်တွေမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်အကျိုးပြုတပ်မတော် (MNDAA) ကိုးကန့်တပ်နဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂၀၁၅ ခုနှစ်‌၊ ဖေဖော်ဝါရီလ ကတည်းက ကိုးကန့်နယ်ကို ပုဒ်မ-၁၄၄ ထုတ်ပြန်တာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ MNDAA ကိုးကန့်တပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013