DVB Logo
Home
မြန်မာသတင်း
ဒေသတွင်း PDF များသို့ လှူဒါန်းရန် ထားဝယ်ကျောင်းသားသမဂ္ဂများ ကမ်ပိန်းတွင် ပါဝင်နိုင်
DVB
·
September 10, 2021
ဒေသတွင်း PDF များသို့ လှူဒါန်းရန် ထားဝယ်ကျောင်းသားသမဂ္ဂများ ကမ်ပိန်းတွင် ပါဝင်နိုင်
Donate to DVB

တနင်္သာရီဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေအတွက် လိုအပ်တဲ့ အကူအညီတွေ ထောက်ပံ့သွားဖို့ ရည်ရွယ်ကာ ထားဝယ်အခြေစိုက် ကျောင်းသားသမဂ္ဂ တွေက ကမ်ပိန်းတခု ပြုလုပ်နေပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် တော၊တောင်ထဲမှာ လေ့ကျင့်နေတဲ့ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တတ်နိုင်တဲ့ဘက်က ကူညီထောက်ပံ့ပေးဖို့ အထူးလိုအပ် နေတာမို့ ဒီကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“၃၀၀၀ စီလှူကြစို့”လို့ အမည်ပေးထားတဲ့ ဒီကမ်ပိန်းကိုတော့ ထားဝယ်အခြေစိုက် တက္ကသိုလ်/ကောလိပ်ကျောင်းသားသမဂ္ဂများနဲ့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်း သားများသမဂ္ဂတို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး စက်တင်ဘာ ၈ ရက်ကနေ ၁၄ ရက်နေ့ထိ ၇ ရက်ကြာ အလှူငွေကောက်ခံသွားမယ်လို့ ဆိုပါတယ်။

ပါဝင်လှူဒါန်းလိုတဲ့ ပြည်သူတွေအနေနဲ့ အလှူငွေကျပ် ၃၀၀၀ ကစတင်လှူဒါန်း နိုင်သလို ၃၀၀၀ ကျပ်အောက် ထည့်ဝင်လှူဒါန်းလိုသူတွေလည်း Page chat box၊ ဒါမှ မဟုတ် Telegram- @DTUSU1 နဲ့ Instagram  dtu_students_union တို့မှာ လာ ရောက်ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်က စတင်ကာ တော်လှန်ရေးအတွက် အမေရိကန်ဒေါ်လာ ၅ သန်း ပမာဏ ရှိ Raffle Ticket အလှူငွေကောက်ခံရောင်းချခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၇ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံး ပြည်သူ ၁၀၆၀ နီးပါး ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013