DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းခြင်းမဟုတ်ဟု စစ်ကောင်စီအကြမ်းဖက်အဖွဲ့က သံတမန်များကို ခေါ်ယူရှင်းလင်း
DVB
·
September 10, 2021
အာဏာသိမ်းခြင်းမဟုတ်ဟု စစ်ကောင်စီအကြမ်းဖက်အဖွဲ့က သံတမန်များကို ခေါ်ယူရှင်းလင်း
Donate to DVB

စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူထားတယ်လို့  ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေနဲ့ ပြည်ပနိုင်ငံတချို့က  စွပ်စွဲပြောကြားနေကြတဲ့အကြောင်း နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ်ပြီး အာဏာသိမ်းတာမဟုတ်ကြောင်း  စစ်ကောင်စီအကြမ်းဖက် အဖွဲ့ရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်တိုးတက်နေမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး  မြန်မာအခြေစိုက် သံတမန်တွေကို တွေ့ဆုံရှင်းလင်းပွဲကို စက်တင်ဘာ ၉ ရက် မနက်က  ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနမှာ ကျင်းပရာမှာ ပြောသွားတာပါ။

ဝန်ကြီး ဦးမောင်မောင်အုန်းက “မီဒီယာကျင့်ဝတ်နဲ့ လိုက်နာခြင်းမရှိတဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ၊ နိုင်ငံတကာဆက်ဆံရေးနဲ့ ကျင့်ဝတ်ကို အလေးမထားတဲ့ ပြည်ပနိုင်ငံတချို့က နိုင်ငံတော်အာဏာကို သိမ်းယူတယ်လို့ စွပ်စွဲပြောကြားနေကြတာရှိပါတယ်။ တကယ်တော့ တပ်မတော်က တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို ထိန်းသိမ်း ဆောင်ရွက်နေခြင်းသာဖြစ်ပြီး အာဏာသိမ်းတာမဟုတ်ကြောင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးပါက လွပ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမှာဖြစ်တယ်။”လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်ကလည်း ဖမ်းဆီးအရေးယူထားသူတွေထဲမှာ မီဒီယာတချို့က သတင်းသမားတချို့ပါဝင်နေတယ်လို့ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အဆိုပါ သတင်းသမားတွေကို အရေးယူတာဟာ သတင်းလွတ်လပ်ခွင့်နဲ့ လွပ်လပ်စွာရေးသား ဖော်ထုတ်ခြင်းတို့ကြောင့် မဟုတ်ဘဲ နိုင်ငံ့အကျိုးကို ပျက်စီးအောင် တမင် ရည်ရွယ်ဆောင်ရွက်မှု၊ အကြမ်းဖက်မှုတွေနဲ့ အစွန်းရောက်မှုတွေ ပိုမိုဖြစ်ပေါ်လာစေဖို့ စည်းရုံးလှုံဆော်တာကြောင့် ဖြစ်တယ်လို့လည်း ဗိုလ်ချုပ် စိုးတင့်နိုင်ကပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံတဝန်းမှာ မိုင်းထောင်ဖောက်ခွဲမှုပေါင်း ၂၃၉၀ ရှိခဲ့ပြီး သေဆုံးသူ ၉၃၃ ဦးနဲ့ ဒဏ်ရာရသူပေါင်း ၁၃၁၂ ဦးရှိတယ်လို့လည်း စစ်ကောင်စီ ပြည်ထဲရေးဌာဝန်ကြီးက ရှင်းလင်းပြောသွားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ အနှံ့အပြားမှာ သတင်းထောက်တာဝန်ထမ်းဆောင်ရင်း ဖမ်းဆီးခံရတဲ့ သတင်းသမား အယောက် ၅၀ ကျော်ရှိခဲ့ပြီး  တချို့ပြန်လွတ်လာကာ အယောက် ၃၀ ကျော်လောက် အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လကျော်အကြာ အကြမ်းဖက်စစ် တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၅၈ ယောက်ထိရှိပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

Photo- MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013