Home
မြန်မာသတင်း
လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ
DVB
·
September 9, 2021
241525445_1170631370124709_6540361243209914194_n

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာမှာ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၁ နာရီလောက်က အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အသတ်ခံရသူ ဦးဇော်မျိုးဦးဆိုသူမှာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ဦးသိန်စိန် လက်ထက်က အုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ပေါင်းစု (L.P.S.F) က သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

သူ့ရဲ့သတင်းပေးတိုင်ကြားမှုကြောင့် ရွာမှာအဖမ်းခံရသူတွေရှိသလို ထွက်ပြေးတိမ်းရှောင်နေရသူ တွေလည်း အများအပြားရှိတယ်လို့ ဆိုပါတယ်။

ဦးဇော်မျိုးဦးအသတ်ခံရပြီးနောက် ရဲတွေနဲ့စစ်သားတွေက သဘော့ဆိပ်ကျေးရွာကို လာရောက်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024