DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ပဲခူး ယာဉ်စီးခ ၃ ဆတက်
DVB
·
September 9, 2021
ရန်ကုန်-ပဲခူး ယာဉ်စီးခ ၃ ဆတက်
Donate to DVB

ကိုဗစ်အ​​ကြောင်းပြကာ ရန်ကုန်-ပဲခူးခရီးသည်တင်ယာဉ် ယာဉ်စီးခကို ၁၀၀၀ ကျပ်မှ  ၃၀၀၀ ကျပ်အထိ တိုးမြင့်ကောက်ယူခွင့်ပြုလိုက်တယ်လို့ ခရီးသည်တင်ယာဉ်လိုင်းတွေဆီက သိရပါတယ်။ 

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ထိုင်ခုံ ၂ လုံးမှာ ခရီးသည်တစ်ဦးပဲ ထိုင်ရမှာဖြစ်ပြီး ယာဉ်စီးခကိုလည်း သတ်မှတ်နှုန်းအတိုင်းယူဖို့ ပဲခူးတိုင်း အမှတ်(၅)  ယာဉ်ကြီးကြပ်ရေးကော်မတီက ယာဉ်ပိုင်ရှင်တွေဆီ စက်တင်ဘာ ၄ ရက်မှာ အသိပေးအ ကြောင်းကြားစာ ပေးပို့ထားတာပါ။ 

ပြောင်းလဲသတ်မှတ်လိုက်တဲ့ နှုန်းထားအရ ရန်ကုန်-ပဲခူးခရီးစဉ်အတွက် တစ်ဦး ၃၀၀၀ကျပ်၊ ပဲခူး-ညောင်လေးပင်ခရီးစဉ်အတွက် တစ်ဦး ၃၀၀၀ ကျပ်နဲ့ ညောင်လေးပင်-ရန်ကုန်ခရီးစဉ်အတွက် တစ်ဦး ၆၀၀၀ ကျပ်ဖြစ်ပါတယ်။

ယာဉ်လိုင်းတွေအနေနဲ့ သတ်မှတ်ယာဉ်စီးခထက် ပိုမကောက်ဖို့နဲ့ ယာဉ်နောက်လိုက်နဲ့ ခရီးသည်တွေ Mask တပ်ဖို့ကိုလည်း ညွှန်ကြားထားပြီး လိုက်နာမှု မရှိပါက  ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ထိရောက်စွာ အပြစ်ပေးအရေးယူမယ်လို့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလအတွင်း သတ်မှတ်ယာဉ်စီးခနှုန်းနဲ့ မပြေးဆွဲနိုင်ပါက ယာဉ်ထွက်ခွာပြေးဆွဲခြင်း မလုပ်ဖို့လည်း သတိပေးထားပါတယ်။

ရန်ကုန်-ပဲခူးယာဉ်လိုင်းတွေအနေနဲ့ အခုလိုအကြောင်းကြားစာ မထုတ်ခင်အချိန်ထိ ခရီးသည် တစ်ဦးလျှင် ယာဉ်စီးခ ၁၀၀၀ ကျပ်သာကောက်ခံရမှာဖြစ်ပေမဲ့  ကိုဗစ်ကပ်ရောဂါ ပေါ်ပေါက်ပြီးနောက် အကြောင်းမျိုးမျိုးပြကာ ယာဉ်စီးခ ပိုမိုကောက်ခံနေတာ ကြာပြီလို့ ခရီးသွား တွေဆီက သိရပါတယ်။

 အခုလို ထိုင်ခုံ​နေရာချမှုနဲ့ ယာဉ်စီးခ နှုန်းအသစ်သတ်မှတ်ပေးလိုက်ပေမဲ့ ယာဉ်အများစုဟာ  ထိုင်ခုံခြားတာ မလုပ်ဘဲ  ခုံပြည့်ခရီးသည်တင်တာတွေ လုပ်နေဆဲလို့ ခရီးသွား တစ်ဦးက ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013