DVB Logo
Home
မြန်မာသတင်း
အရေးပေါ်ကာလ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ မန္တလေးသံဃသမဂ္ဂ လုပ်ကိုင်သွားမည်
DVB
·
September 8, 2021
အရေးပေါ်ကာလ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ မန္တလေးသံဃသမဂ္ဂ လုပ်ကိုင်သွားမည်
Donate to DVB

အမျိုးသား ညီညွတ်ရေးအစိုးရက စစ်အာဏာရှင်ကို ဘက်ပေါင်းစုံက တော်လှန်ရေး စတင်ကြောင်း ကြေညာပြီးနောက်မှာ မန္တလေး သံဃသမဂ္ဂအနေနဲ့ အရေးပေါ်ကာလ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလို လုပ်ကိုင်ရာမှာ ရပ်ကွက် မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ကိုင်မယ်လို့ စက်တင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူလူထုအနေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးမှာ တက်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ဖို့၊ အရေးပေါ်ကာလအတွင်း သတိဝီရိယနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ မန္တလေး သံဃသမဂ္ဂ သတိပေးတိုက်တွန်းထားပါတယ်။

စစ်အာဏာရှင် တော်လှန်ရေးအတွက် မြန်မာနိုင်ငံတဝန်းကို စက်တင်ဘာ ၇ ရက်နေ့ကစလို့ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်တဲ့ အချိန်အထိ သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013