DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းရေဘေးသင့်ပြည်သူ ၁ ဒသမ၂ သန်းကျော်ကို တိုက်ရိုက်ကူညီပေးရန် EU ကို တောင်းဆို
DVB
·
August 25, 2026
Photo: ရွှေဘိုမြို့နယ် ပကဖ
Photo: ရွှေဘိုမြို့နယ် ပကဖ
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်အစိုးရက ကြိုတင်အကြောင်းမကြားဘဲ ဆည်ရေတွေ ဖောက်ချမှုကြောင့် ရေဘေးဒုက္ခဆိုးဝါးစွာ ကြုံတွေ့နေရတဲ့ ပြည်သူ ၁ ဒသမ ၂ သန်းကျော်ထံကို ဥရောပသမဂ္ဂ (EU) အနေနဲ့ အကူအညီတွေ တိုက်ရိုက်ပေးအပ်ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုနဲ့ မိတ်ဖက်သပိတ်အဖွဲ့ ၄၃ ဖွဲ့က ဩဂုတ် ၂၄ ရက်က အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုပါတယ်။

စစ်အာဏာရှင်အစိုးရဟာ သဖန်းဆိပ်ဆည်နဲ့  ကာဘိုးဆည်တို့ကနေ ရေတွေကို အသိပေးခြင်းမရှိဘဲ လွှတ်ခဲ့လို့ မြို့နယ် ၁၁ မြို့နယ်မှ သန်းနဲ့ချီတဲ့ပြည်သူတွေ ရေဘေးသင့်ခဲ့ရတဲ့အပြင်၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေကို ဖမ်းဆီးတာနဲ့ လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ်နေတယ်လို့  ပေးစာမှာ ထည့်သွင်းဖော်ပြပါတယ်။

ဒါကြောင့် EU က ပံ့ပိုးပေးမဲ့ အကူအညီတွေကို စစ်အာဏာရှင်ထံ မပေးဘဲနဲ့ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ ပူးပေါင်းကာ နယ်စပ်အခြေပြု လမ်းကြောင်းတွေကတဆင့် ပြည်သူတွေထံ တိုက်ရိုက်ပေးပို့ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013