DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့နယ် စစ်ဘေးရှောင်စခန်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂ ဦးတွေ့ရှိ
DVB
·
September 7, 2021
ကျောက်မဲမြို့နယ် စစ်ဘေးရှောင်စခန်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂ ဦးတွေ့ရှိ
1 / 6
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် မန်ခါကျေးရွာ စစ်ရှောင်စခန်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂ ဦးတွေ့တယ်လို့ ကျောက်မဲခရိုင် ဆေးရုံအုပ်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ 

အဆိုပါစစ်ရှောင်စခန်းမှာ ဒီမတိုင်ခင်က နေထိုင်မကောင်းသူ ၁ ဦးစတွေ့ပြီး ကိုဗစ်-၁၉ စစ်ဆေးရာမှာ ပေါ့စတစ် ဖြစ်နေလို့ ကျန်တဲ့ထိစပ်သူတွေပါ စစ်ဆေးရာမှာ မနေ့က နောက်ထပ် ၁၁ ဦးတွေ့တာလို့ ကျောက်မဲခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဦးကျော်မိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။ 

“လွန်ခဲ့တဲ့တစ်ပတ်က စစ်ပြေးရှောင်စခန်းမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးရင်းနဲ့ နေထိုင်မကောင်းတဲ့သူ  ၁ ယောက် လက္ခဏာက ကိုဗစ်-၁၉ နဲ့တူလို့ဆိုပြီး စစ်လိုက်တာ ပေါ့စတစ် ဖြစ်နေတယ်၊ ဒါနဲ့ ကျန်တဲ့ထိစပ်သူတွေကိုလည်း ကိုဗစ် ထပ်စစ်ဆေးတယ်။ မနေ့က  ၁၁ ဦး ထပ်တွေ့တာပေါ့နော်။ သူတို့အားလုံးကို ကျောက်မဲဆေးရုံကို ခေါ်လာပြီး  ကုသစောင့်ရှောက်ပေးနေပါတယ်။ နောက်ထပ် ကျန်တဲ့စစ်ဘေးရှောင် အယောက် ၂၀၀ ကျော်ကိုလည်း ဆက်ပြီးစစ်ဆေးဖို့ လုပ်နေပါတယ်ခင်ဗျ။”

ကိုဗစ်-၁၉ လူနာတွေကို ကူညီပေးနေတဲ့ ကျောက်မဲနာရေး ကူညီမှုအသင်းဝင်တစ်ဦးကလည်း ကျောက်မဲ မန်ခါစစ်ရှောင်စခန်းမှာ ကိုဗစ်လူနာရှိကြောင်း အကြောင်းကြားလာလို့ မနေ့က ကား ၅ စီးနဲ့ သွားကြိုပြီး ISO (သီးသန့်ဆောင်) နဲ့ အရိုးဆောင်တွေကို ပို့ပေးခဲ့တယ်လို့ ပြောပါတယ်။ 

မန်ခါဘုန်းကြီးကျောင်းမှာ လက်ရှိစစ်ဘေးရှောင်ပြည်သူ ၂၅၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းက လွယ်ကုံ၊ ပန်ဟုန်းနဲ့ ကိန်ကိုင်ရွာမှာ TNLA + SSPP နဲ့ RCSS တို့ကြား တိုက်ပွဲဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013