DVB Logo
Home
မြန်မာသတင်း
စက်ပစ္စည်းသွင်းခွင့် ထောက်ခံစာပေးမည် ဆိုသော်လည်း သွင်းကုန်လိုင်စင်ရရှိရေး လုပ်ငန်းရှင်များ မေးခွန်းထုတ်
DVB
·
July 22, 2026
စက်ပစ္စည်းသွင်းခွင့် ထောက်ခံစာပေးမည် ဆိုသော်လည်း သွင်းကုန်လိုင်စင်ရရှိရေး လုပ်ငန်းရှင်များ မေးခွန်းထုတ်
1 / 2
Photo: DVB
Donate to DVB

စစ်အာဏာရှင်လက်အောက်ခံ စက်မှုနဲ့ အသေးစား၊ အငယ်စား၊ အလတ်စားနဲ့ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ပုဂ္ဂလိကစက်မှုလုပ်ငန်းတွေအတွက် ထုတ်လုပ်ရေးမှာ လိုအပ်တဲ့ စက်အရန်ပစ္စည်းတွေနဲ့ စက်ကိရိယာတွေ တင်သွင်းခွင့်ရဖို့ ထောက်ခံစာ လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ထားပေမဲ့ အဲဒီထောက်ခံစာရတာနဲ့ သွင်းကုန်လိုင်စင် (Import License) အမှန်တကယ် ရရှိမှာလား ဆိုတဲ့အပေါ် လုပ်ငန်းရှင်တွေက မေးခွန်းထုတ်နေကြပါတယ်။

ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်တယောက်က “ဝန်ကြီးဌာနက ထောက်ခံစာပေးရုံနဲ့ အလုပ်မဖြစ်ဘူး။ အဓိကက သွင်းကုန်လိုင်စင် တကယ်ကျမှာလား ဆိုတာပဲ။ ထောက်ခံစာရတာနဲ့ လိုင်စင်ကျတာ တခုတည်းမှ မဟုတ်ဘူး။ အခုထိ အဲဒီအပိုင်းက ရှင်းရှင်းလင်းလင်း မရှိသေးဘူး” လို့ ပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာ အလုပ်သမားရှားပါးလာတာကြောင့် ကုန်ထုတ်လုပ်ငန်းတွေ၊ အထူးသဖြင့် စိုက်ပျိုးရေးနဲ့ စားသောက်ကုန် ပို့ကုန်လုပ်ငန်းတွေမှာ စက်ယန္တရားတွေကို မဖြစ်မနေ အသုံးပြုလာရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒါပေမဲ့ ပို့ကုန်စံချိန်စံညွှန်းနဲ့ Food Safety သတ်မှတ်ချက်တွေ ပြည့်မီဖို့ လိုအပ်တဲ့ လုပ်ငန်းသုံး စက်ပစ္စည်းတွေကို တင်သွင်းရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီအခြေအနေကြောင့် ပြည်တွင်းဈေးကွက်မှာ စက်ပစ္စည်းတွေ ရှားပါးနေသလို ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

လုပ်ငန်းရှင်တချို့က MSME တွေအတွက် ချေးငွေအစီအစဉ်တွေ ရှိနေပေမဲ့ လိုအပ်တဲ့ စက်ပစ္စည်းတွေကို တင်သွင်းခွင့်မရရင် ထုတ်လုပ်မှုတိုးချဲ့ဖို့ ခက်ခဲနေဦးမယ်လို့ ထောက်ပြကြပါတယ်။

ဒါကြောင့် စက်မှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုပေမဲ့ ထောက်ခံစာထုတ်ပေးတာ တခုတည်းထက် စက်ပစ္စည်းတွေကို အမှန်တကယ် တင်သွင်းနိုင်မဲ့ သွင်းကုန်လိုင်စင်ထုတ်ပေးရေးနဲ့ သွင်းကုန်လုပ်ငန်းစဉ်တွေကို ပိုမိုရှင်းလင်းအောင် ဆောင်ရွက်ပေးဖို့ လိုလားနေကြတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013