DVB Logo
Home
မြန်မာသတင်း
၇ လကျော်အတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၀၄၉ ဦးကျဆုံး၊ ၇၉၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
September 7, 2021
၇ လကျော်အတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၀၄၉ ဦးကျဆုံး၊ ၇၉၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၄၉ ယောက်ထိရှိပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၉၀၄ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၂၅၇ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၆၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

စက်တင်ဘာ ၄ ရက်နေ့ ညအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ဖန်းကားဇင်ကျေးရွာက ကိုခိုင်ဇော်ဟာ အကြမ်းဖက်စစ်တပ်နဲ့ လမ်းမှာ ထိပ်တိုက်တိုးရာကနေ ပစ်သတ်ခံခဲ့ရပြီး ဆီးခုံကျည်ထိမှန်ကာ ကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

PDFနဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲကာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၃ ရက်နေ့က ဖမ်းဆီးသွားခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ လုံးတော်ကျေးရွာမှ ကိုနိုင်မျိုးဟာ ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ကိုနိုင်မျိုးရဲ့ ရုပ်အလောင်းမှာ ပေါင်၊ တင်ပါးနဲ့ ကျောတွေမှာ ရိုက်နှက်ခံထားရတဲ့ ညိုမည်းဒဏ်ရာတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျေးစုကျေးရွာမှ ကိုသန်းတိုးအောင်(ခ)ဘီလူးဟာ PDF တပ်ဖွဲ့ဝင်လို့ စွပ်စွဲခံရကာ စစ်တပ်မှ စက်တင်ဘာ ၁ ရက်နေ့က လာရောက်ဖမ်းဆီးချိန် ထွက်ပြေးတဲ့အတွက် သေနတ်နဲ့ လိုက်လံပစ်ခတ်ခြင်းခံခဲ့ရပြီး သေနတ်ဒဏ်ရာနဲ့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ စက်တင်ဘာ ၄ ရက်နေ့မှာတော့ ကိုသန်းတိုးအောင်ရဲ့ ရုပ်အလောင်းကို သေနတ်ဒဏ်ရာနဲ့ တွေ့ရှိရတယ်လို့ သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေတာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013