DVB Logo
Home
မြန်မာသတင်း
ဩဂုတ်လအတွင်း တိုက်ပွဲနှင့်ပဋိပက္ခ ၄၀၀ ကျော်ဖြစ်၊ စစ်ကောင်စီဘက်က ၈၀၀ ခန့် သေဆုံး ဒဏ်ရာရ
DVB
·
September 6, 2021
ဩဂုတ်လအတွင်း တိုက်ပွဲနှင့်ပဋိပက္ခ ၄၀၀ ကျော်ဖြစ်၊ စစ်ကောင်စီဘက်က ၈၀၀ ခန့် သေဆုံး ဒဏ်ရာရ
Donate to DVB

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တနိုင်ငံလုံးမှာ တိုက်ပွဲနဲ့ ပဋိပက္ခပေါင်း ၄၀၀ ကျော်ဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်က အယောက် ၈၀၀ လောက် သေဆုံးဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

အရပ်သားတွေအပေါ် အကြမ်းဖက်တာ ၁၂၉ ကြိမ်၊ ပေါက်ကွဲမှုက ၉၄ ကြိမ်၊ လက်နက်ကိုင်တိုက်ပွဲက ၈၁ ကြိမ်၊ လက်နက်ကိုင်ခုခံတာက ၅၇ ကြိမ်၊ လုပ်ကြံခံရတာက ၇၄ ကြိမ်ရှိပြီး စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်တာက ၈ ကြိမ်ရှိပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် စစ်ကောင်စီတပ်သား အယောက် ၅၈၀ သေဆုံးပြီး ၁၈၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ပြီးတော့ ပြည်သူ ၇၃ ယောက်သေဆုံးပြီး ၄၅ ယောက် ဒဏ်ရာရတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ဖြစ်စဉ် ၁၀၆ ခုဖြစ်ခဲ့လို့ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းမှာ ၆၄ ခု၊ ကချင်ပြည်နယ်မှာ အကြိမ် ၄၀၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်မှာ ၃၆ ကြိမ်စီနဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ၂ ခု၊ ပဲခူးတိုင်းမှာ ၄ ခု၊ ဧရာဝတီတိုင်းမှာ ၆ ခု၊ တနင်္သာရီတိုင်းမှာ ၈ ခုနဲ့ အနည်းဆုံးဖြစ်ပွားပြီး ကျန် တိုင်းနဲ့ ပြည်နယ်တွေမှာတော့ ၁၀ ကြိမ်နဲ့ အထက်ဖြစ်ခဲ့တာပါ။

လက်နက်ကိုင်တိုက်ပွဲက ရှမ်းပြည်နယ်ထဲမှာ ၂၅ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းထဲမှာတော့ အရပ်သားတွေအပေါ် အကြမ်းဖက်တာ ၃၈ ကြိမ်ရှိလို့ အများဆုံးဖြစ်ပါတယ်။

ပေါက်ကွဲမှုကတော့ ရန်ကုန်တိုင်းထဲမှာ ၃၇ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး လုပ်ကြံခံရတာကတော့ စစ်ကိုင်းတိုင်းထဲမှာ ၂၂ ကြိမ်နဲ့ အများဆုံးဖြစ်ပါတယ်။

ဒီမှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနဲ့ ဖက်ဒရယ်တပ်မတော်ရေးရာဦးစီးဌာနက စုစည်းထားတာဖြစ်ပြီး ပြည်တွင်း မီဒီယာ ၃၀ က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013