DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင် Lock Down သက်တမ်းထပ်တိုး
DVB
·
September 5, 2021
အင်းစိန်ထောင် Lock Down သက်တမ်းထပ်တိုး
Donate to DVB

အင်းစိန်ထောင်ကို စစ်ကောင်စီက စက်တင်ဘာ ၁၀ ရက်အထိ Lock Down သက်တမ်း ထပ်တိုးထားတာကြောင့် ၅၀၅(က)နဲ့ တရားစွဲခံထားရသူတွေရဲ့အမှုတွေကို အဲ့ဒီနောက်ပိုင်းမှ ပြန်စစ်နိုင်လိမ့်မယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်တဲ့ရှေ့နေတွေက ပြောပါတယ်။ 

ဇွန် ၃၀ ရက်မှာ အင်းစိန်ထောင်ထဲက ၅၀၅ (က) နဲ့ တရားစွဲခံထားရသူ ၇၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး လက်ရှိအချိန်အထိ အင်းစိန်ထောင်မှာ ၅၀၅ (က) နဲ့ တရားစွဲခံရသူ ၃၀၀၀ ကျော် ကျန်နေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်က “Lock Down ကတော့ စက်တင်ဘာ ၁၀ ရက်အထိ ထပ်တိုးထားတယ်။ ပစ္စည်းပို့လို့ပဲ ရတယ်။ လူတွေ့ဆုံခွင့်မရှိဘူး။ အမှုတွေကလည်း ၁၀ ရက်နေ့ နောက်ပိုင်းမှပဲ စစ်ဖြစ်လိမ့်မယ်။ ၁၀ ရက်အထိ နစကက ရုံးပိတ်ရက် ကြေညာထားတော့လေ။ ၁၀ ရက်နေ့ နောက်ပိုင်း ရုံးဖွင့်ရက်ပြန်ဖြစ်မယ်ဆိုရင် အဲဒီကျမှ မှုခင်းစီမံခန့်ခွဲရေး အစည်းအဝေး ထိုင်ပြီးမှပဲ ဆက်စစ်ဖြစ်မယ်” လို့ ပြောပါတယ်။

အင်းစိန်ထောင်တွင်း ကိုဗစ်ကူးစက်တာတွေကြောင့် စစ်ကောင်စီက ဇူလိုင် ၈ ရက်ကစပြီး Lock Down ချခဲ့တာဖြစ်ပါတယ်။ 

အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက အင်းစိန်ထောင်တွင်း အထူးတရားရုံး ၃၈ ရုံး၊ စစ်ခုံရုံး ၆ ရုံး ဖွင့်လှစ်ခဲ့ပြီး ၅၀၅ (က) နဲ့ အဖမ်းခံရသူတွေကို စစ်ဆေးခဲ့ပါတယ်။ 

ဇူလိုင် ၅ ရက်နေ့မှာတော့ ကိုဗစ်တတိယလှိုင်းကြောင့် ထောင်တွင်း တရားရုံးတွေကို ရပ်နား ခဲ့ပါတယ်။

ဆက်ပြီး ဦးခင်မောင်မြင့်က "Lock Down က ဇူလိုင် ၈ ရက်ကစခဲ့တာဆိုတော့ နည်းနည်းကြာ သွားပြီး ကျနော်တို့မှာ နည်းနည်းအဆက်အသွယ်ပြတ်တယ်။  တရားရုံးတွေနဲ့ ပဲချိတ်ဆက်ပြီး မေးရတယ်။ထောင်ထဲက သတင်းမေးလို့လည်း မရဘူး။ လူလည်းသွားတွေ့လို့မရဘူး။ အဲဒီလို ဖြစ်နေတယ်" လို့ ပြောပါတယ်။

ဇူလိုင် ၂၃ ရက်မနက်ပိုင်းမှာ အင်းစိန်ထောင်အတွင်းက နိုင်ငံရေးသမားတွေကိုထားတဲ့ သီးသန့်ထောင်မှာ နိုင်ငံရေးကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ပြခဲ့ပါတယ်။

အင်းစိန်ထောင်ထဲရောက်နေတဲ့ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ ကိုဗစ်ကူးစက်ခံ ခဲ့ရပြီး ဇူလိုင် ၂၀ ရက်က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။ 

၅၀၅(က) နဲ့ တရားစွဲခံရတဲ့ နိုင်ငံရေးသမားတချို့လည်း ကိုဗစ်ကူးစက်ခံရတာတွေ ရှိခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် အခြေအနေတွေကို အတည်ပြုဖို့ ခက်ခဲနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013