DVB Logo
Home
မြန်မာသတင်း
စစ်တပ် မီးရှို့သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့သူ ကင်းမရွာသားအပါအဝင် ကျဆုံးပြည်သူ ၁၀၄၆ ဦး ရှိလာ
DVB
·
September 5, 2021
စစ်တပ် မီးရှို့သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့သူ ကင်းမရွာသားအပါအဝင် ကျဆုံးပြည်သူ ၁၀၄၆ ဦး ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လကျော်အကြာ အကြမ်းဖက်စစ် တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၄၆ ယောက်ထိရှိပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၈၇၆ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၂၃၀ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၆၄ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအ တွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

စက်တင်ဘာ ၄ ရက်မနက် ၄ နာရီဝန်းကျင်လောက်က စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ဖလံချိုင်ကျေးရွာမှ ဦးကံထွန်းကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ ဦးကံထွန်းဟာ ချောင်းဆုံကျေးရွာကို သွားချိန်မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တိုးပြီး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကာ သူ့ရဲ့ ရုပ်အလောင်းမှာ လက်၊ ဝမ်းဗိုက်နေရာတွေမှာ သေနတ်ဒဏ်ရာ၊ လည်ပင်းကို ဓားနဲ့ လှီး ဖြတ်ထားတဲ့ ဒဏ်ရာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၅ ရက်နေ့က ရွာလုံးကျွတ်မီးရှို့ခံခဲ့ရတဲ့ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်က ကင်းမကျေးရွာကို အကြမ်းဖက်စစ်တပ်က ဩဂုတ် ၂၇ ရက်နေ့မှာ စတင်ဝင် ရောက်စီးနင်းခဲ့ပြီး ဩဂုတ် ၂၉ ရက်နေ့မှာ ကင်းမကျေးရွာသား ဦးညွန့်ဝေကို မီးရှို့သတ်ခဲ့ကြောင်း သိရှိရပါတယ်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ သရက်ပင်ကွက် ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မြို့နယ်အလုပ်အမှုဆောင် ဒေါ်ပြုံးကြည်နဲ့ ကျွန်းစုကျေးရွာမှာ နေထိုင်တဲ့ နံကပ်ကျွန်းကျေးရွာအုပ်စု NLD အလုပ်အမှုဆောင် မမိုးကြည်တို့ကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ ၃ ရက်နေ့က ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီး က ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီး မေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေးအကြောင်းကြားဖို့ အသိ ပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013