DVB Logo
Home
မြန်မာသတင်း
ရွာလုံးကျွတ်မီးရှို့ခံရသည့် ကင်းမရွာ ပြန်လည်ထူထောင်ရေး အကူအညီလိုအပ်နေ
DVB
·
June 22, 2021
ရွာလုံးကျွတ်မီးရှို့ခံရသည့် ကင်းမရွာ ပြန်လည်ထူထောင်ရေး အကူအညီလိုအပ်နေ
1 / 10
Donate to DVB

ဇွန်လ ၁၅ ရက်က  စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တရွာလုံးနီးပါး မီးလောင်ကျွမ်းခဲ့တဲ့ မကွေးတိုင်း ကင်းမရွာကို ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေပါတယ်။

ရွာသားတွေအနေနဲ့ နဂိုနေရာမှာ ပြန်လည်နေထိုင်ဖို့ အဆင်မပြေသေးသလို ယာယီနေထိုင်နိုင်မယ့် နေရာတွေကိုလည်း မစီစဉ်နိုင်သေးတဲ့ အနေအထားတွေ့ရပါတယ်။

အလှူရှင်တချို့ လှူဒါန်းပေးပို့တာတွေ တဖြည်းဖြည်း ရောက်ရှိလာတာ တွေ့ရပေမယ့် တရွာလုံးနီးပါး ပြာပုံအတိဖြစ်ခဲ့ရတာဖြစ်လို့ အကူအညီတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

ဒေသခံတွေအတွက် အဓိကအခက်အခဲမှာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့ ငွေကြေးလိုအပ်ချက် ဖြစ်တယ်လို့ အလှူအတွက် လက်ခံဆောင်ရွက်ပေးနေတဲ့ ကော်မတီဝင်တချို့ထံက သိရပါတယ်။

စစ်ကောင်စီမီဒီယာတွေမှာတော့ ကင်းမရွာသားတွေက ကိုယ့်ရွာကိုယ် မီးရှို့ ဖျက်ဆီးခဲ့တာလို့ ထုတ်လွှင့်နေပါတယ်။ 

Photo -Ma Ma Lay / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013