DVB Logo
Home
နိုင်ငံတကာ
ထိုင်းရေဘေးသင့် လယ်သမားများအတွက် ဘတ် ၃ ဒသမ ၂ ဘီလီယံ ကူညီမည်
DVB
·
October 15, 2024
ထိုင်းရေဘေးသင့် လယ်သမားများအတွက် ဘတ် ၃ ဒသမ ၂ ဘီလီယံ ကူညီမည်
Donate to DVB

ထိုင်းနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနအနေနဲ့ မကြာသေးမီက နိုင်ငံတဝန်း ရေကြီးရေလျှံမှု ဒဏ်ခံခဲ့ရတဲ့ လယ်ယာမြေ ပြန်လည်ထူထောင်ရေးအတွက် ဗဟိုအစိုးရဘတ်ဂျက်ကနေ ဘတ်ငွေ ၃ ဒသမ ၂ ဘီလီယံ တောင်းခံဖို့ စီစဉ်ထားတဲ့အကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။

စိုက်ပျိုးရေးဝန်ကြီး ဒေါက်တာ နာရူမွန် ပင်ရိုဆင်ဝပ်က ရေကြီးမှုဒဏ်ခံခဲ့ရတဲ့ တောင်သူတွေကို ကူညီဖို့အတွက် ရန်ပုံငွေခွဲဝေချထားပေးဖို့ ဒီကနေ့ အစည်းအဝေးမှာ အစိုးရအဖွဲ့ကို တောင်းဆိုသွားမယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ကာဖက် ပိုလ်ဆူးက ပြောပါတယ်။

ဒါ့အပြင် အဆိုပါတောင်းဆိုချက်ကို ဒုတိယဝန်ကြီးချုပ် ဖုမ်ထန်ဝိချယာချိုင် ဦးဆောင်တဲ့ ရေကြီးမှုနှင့် မုန်တိုင်းဒဏ်သင့်သူများအား ကူညီဆောင်ရွက်ပေးရေးစင်တာဆီ အောက်တိုဘာ ၁၄ ရက်နေ့အစောပိုင်းတုန်းက ထည့်သွင်းစဉ်းစားပေးဖို့ တောင်းဆိုထားတဲ့အကြောင်းလည်း သူက ပြောပါတယ်။

သတင်းရင်းမြစ်တခုရဲ့ အဆိုအရ အဲဒီတောင်းဆိုချက်ကို ဒုတိယဝန်ကြီးချုပ် ဖုမ်ထန် ဦးဆောင်တဲ့ ဗဟိုကနေ အတည်ပြုခဲ့ပြီဖြစ်ကာ ဒီကနေ့ ပြုလုပ်မယ့် အစိုးရအဖွဲ့ အစည်းအဝေးမှာ သေချာ ပေါက် ဆွေးနွေးမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကနေ အောက်တိုဘာ ၁၀ ရက်အထိ ရေကြီးရေလျှံမှုတွေကြောင့် ထိုင်းနိုင်ငံတဝန်း ခရိုင် ၅၂ ခု ရေနစ်မြုပ်ခဲ့ပြီး ၂၃ ခုကတော့ ပုံမှန်ပြန်ဖြစ်ခဲ့ပြီ ဖြစ်တယ်လို့ ထိုင်း ပြည်ထဲရေးဝန်ကြီးဌာန ဘေးအန္တရာယ်ကာကွယ်ရေးနှင့်လျော့ပါးရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် လယ်ယာမြေဧရိယာ ရိုင် ၁ ဒသမ ၂၈ သန်း(ဟက်တာ ၂ သိန်းကျော်) ပျက်စီးခဲ့တယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ယုံကြည်ထားပြီး စစ်တမ်း ကောက်ယူမှုအရ လယ်မြေဧရိယာတွေရဲ့ ၈၅ ရာခိုင်နှုန်းကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ထိခိုက်နစ်နာခဲ့ရတဲ့ တောင်သူလယ်သမားတွေကို ပြန်လည်ထူထောင်ရေး လျော်ကြေးငွေတွေ ထောက်ပံ့ပေးဆောင်နိုင်ရေးအတွက် လယ်ယာတိုးချဲ့ ရေးဦးစီးဌာနမှ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ကာဖက်က ပြောပါတယ်။

ထိခိုက်ပျက်စီးတဲ့ လယ်မြေအများစုဟာ စပါးစိုက်ခင်းတွေ ဖြစ်ကြပြီး ကနဦးစစ်တမ်းအရ စပါးစိုက်ခင်းဧရိယာ ရိုင် ၁ ဒသမ ၂ သန်းလောက် ပျက်စီးခဲ့ကြောင်း စိုက်ပျိုးရေး တိုးချဲ့ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖီရာဖန် ခိုထောင်က ပြောပါတယ်။

Source: The Nation

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013