DVB Logo
Home
မြန်မာသတင်း
ကင်းမရွာနှင့် စစ်ဘေးရှောင်ဒေသများသို့ We Pledge CDM အဖွဲ့က ငွေကျပ်သိန်း ၄၀ ထောက်ပံ့
DVB
·
June 23, 2021
ကင်းမရွာနှင့် စစ်ဘေးရှောင်ဒေသများသို့ We Pledge CDM အဖွဲ့က ငွေကျပ်သိန်း ၄၀ ထောက်ပံ့
Donate to DVB

အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ ကင်းမရွာ အပါအဝင် တခြားစစ်ဘေးရှောင်ဒေသတွေကို We Pledge CDM အဖွဲ့က ငွေကျပ်သိန်း ၄၀ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအလှူငွေတွေကိုတော့ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်ကနေ ၁၈ ရက်နေ့အထိ ကောက်ခံရရှိတဲ့ အလှူငွေတွေထဲက CRPH ရဲ့ ထောက်ခံချက်နဲ့ We Pledge CDM အဖွဲ့က ဇွန် ၁၇ ရက်က ခွဲဝေလှူဒါန်းပေးခဲ့တာလို့ ဆိုပါတယ်။

We pledge CDM ကတဆင့် လှူဒါန်းလိုက်တဲ့ အလှူငွေတွေ အကျိုးရှိတဲ့နေရာမှာ ထိုက်တန်စွာ အသုံးချနေကြောင်းကို သိရှိပြီး ပီတိဖြစ်စေဖို့ ရည်ရွယ်ကာ “We Share To” အစီအစဉ်ကိုလည်း အပတ်စဉ် စနေနေ့တိုင်း We Pledge CDM ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ တင်ပေးနေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ဟာ နွေဦးတော်လှန်ရေးရဲ့ ထောက်တိုင်သုံးခုဖြစ်တဲ့ CDM ၊ PDF နဲ့ NUG တို့အတွက် အကူအညီအထောက်အပံ့တွေ အထူးလိုအပ်နေတဲ့ကာလဖြစ်နေပြီး တော်လှန်ရေး အရှိန်မြင့်လာတာနဲ့အမျှ တခြားထောက်တိုင်တွေနည်းတူ PDF လူငယ်တွေအတွက်လည်း အကူအညီတွေ အထူးလိုအပ်နေတယ်လို့ We pledge CDM က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013