DVB Logo
Home
မြန်မာသတင်း
ကလေးမြို့အတွက် We Pledge CDM အဖွဲ့က အရေးပေါ်အောက်ဆီဂျင်စက် ၂ လုံး လှူဒါန်း
DVB
·
July 27, 2021
ကလေးမြို့အတွက် We Pledge CDM အဖွဲ့က အရေးပေါ်အောက်ဆီဂျင်စက် ၂ လုံး လှူဒါန်း
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့က ကိုဗစ်-၁၉ လူနာတွေအတွက် We Pledge CDM အဖွဲ့က အရေးပေါ် အောက်ဆီဂျင်စက် ၂ လုံး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

       ဒီလှူဒါန်းမှုကိုတော့ အလှူရှင်တွေရဲ့ ဝိုင်းဝန်းလှူဒါန်းမှုတွေနဲ့ အောက်ဆီဂျင်အရေးပေါ် လိုအပ်‌နေတဲ့ ကလေးမြို့၊ တိုင်းရင်းဆေးရုံက Community COVID-19 Treatment Center ကို ဇူလိုင် ၂၄ ရက်နေ့က လှူဒါန်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် လိုအပ်တဲ့နေရာတွေ ဆက်လှူနိုင်ဖို့ စက်တွေ ထပ်မှာထားပြီး ရောက်တာနဲ့ ဆက်လှူသွားမှာဖြစ်ကာ စက်တင်မကပဲ အခြားလိုအပ်တဲ့ စက်နဲ့တွဲဖက်သုံးစွဲရတဲ့ ပစ္စည်းတွေကိုလည်း အဆင်ပြေပြေ လွယ်လွယ်ကူကူဖြစ်အောင် လှူပေးသွားမယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ လူနာတွေ အနေနဲ့ လိုအပ်ချက်ဖြစ်နေတဲ့ အောက်ဆီဂျင်မလုံလောက်မှုကြောင့် အသက်မဆုံးရှုံးသင့် ပဲ ဆုံးရှုံးရတာတွေ၊ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေနဲ့ ပြည်သူတွေအပေါ် ကျန်းမာရေး စောင့် ရှောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူဖြေရှင်းမှု မရှိတဲ့ အခြေအနေတွေနဲ့အတူ ဆေးရုံ တွေမှာ ဆရာဝန်လုံလောက်မှု မရှိတာတွေကြောင့် လူနာတွေ တက်ရောက်ကုသနိုင်ဖို့ အခက်အခဲတွေလည်း ပိုမိုများပြားလာနေတာပါ။

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၀၀ နီးပါးရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက်ညမှာ ထုတ်ပြန်ပါတယ်။

နာရေး အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေရဲ့ အဆိုအရ ရန်ကုန်မြို့က  သု သာန် ၄ ခုမှာ  ဇူလိုင် ၂၆ ရက်နေ့အတွက် မီးသင်္ဂြိုဟ်ခဲ့တဲ့ ရုပ်အလောင်း ၄၅၀ ကျော်ရှိခဲ့တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013