DVB Logo
Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရာရ
DVB
·
September 4, 2021
ကြာအင်းဆိပ်ကြီးမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး  စစ်ကောင်စီတပ်သား ၃  ဦးဒဏ်ရာရ
Donate to DVB

ကရင်​ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား  ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။ 

နို့တာဃော်ကျေးရွာနဲ့ လောသောမော်ကျေးရွာကြားမှာ စစ်ကောင်စီရဲ့ ခမရ ၅၄၉ တပ်ဟာ သတ်မှတ်နယ်မြေကျော်လွန်ကျူးကျော်ဝင်ရောက်လာတဲ့အတွက် KNLA  တပ်ရင်း ၁၇ လက်အောက်ခံ တပ်ခွဲ ၁ တို့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ 

နှစ်ဖက်တိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNLA ဘက်ကတော့ထိခိုက်မှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။ 

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က  နို့တာ​ဃော်ကျေးရွာအတွင်းမှာ စခန်းချထားပြီး ဒီကနေ့မနက်ပိုင်းမှာပြန်လည် ထွက်ခွာသွားပြီးနောက် နို့မိုဝါးကျေးရွာအနီးမှာ စခန်းချထားတယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ် 

နှစ်ဖက်တိုက်ပွဲကြောင့် အနီးအနားကျေးရွာတွေက ဒေသခံ ပြည်သူတွေဟာ ထိတ်လန့်ကြောက်ရွံ့နေကြတယ်လို့ ကေအန်ယူ ဒူးပလာယာခရိုင် သတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013