DVB Logo
Home
မြန်မာသတင်း
သထုံတွင် စစ်တပ်ကဖမ်းသွားသည့် အမျိုးသမီး ၂ ဦးနှင့် အဆက်အသွယ်မရသဖြင့် မိသားစုစိုးရိမ်
DVB
·
September 4, 2021
သထုံတွင် စစ်တပ်ကဖမ်းသွားသည့် အမျိုးသမီး ၂ ဦးနှင့် အဆက်အသွယ်မရသဖြင့် မိသားစုစိုးရိမ်
1 / 2
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် ဖမ်းဆီးသွားတဲ့ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးပြီး ၁၄ ရက်ကြာတဲ့အထိ အဆက်အသွယ်မရသေးတဲ့အတွက်ကြောင့် စိုးရိမ်နေရတယ်လို့ မိသားစုဝင်တွေက DVB ကို ပြောပါတယ်။

ဖမ်းဆီးခံ အသက် ၃၀ အရွယ် မစုမြတ်နွယ်နဲ့ အသက် ၂၈ နှစ် အရွယ် မခေမာလွင်တို့ကို ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့က သူတို့ ငှားရမ်းနေထိုင်နေတဲ့ နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက် ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦး ဖမ်းဆီးခံရပြီးနောက် အကျဉ်းထောင်၊ ရဲစခန်း အပါအဝင် စစ်ကြောရေးစခန်းတွေမှာ လိုက်လံစုံစမ်းနေပေမယ့် လက်ရှိအချိန်ထိ သတင်းအစအန မရသေးဘူးလို့ မခေမာလွင်ရဲ့ ညီမဖြစ်သူက DVB ကို ပြောပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ရန်ကုန် စမ်းချောင်းမြို့နယ် ဆန္ဒပြပွဲမှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ မတ်လ ၂၆ ရက်နေ့က မစုမြတ်နွယ်နဲ့ မခေမာလွင်တို့ အပါအဝင် ဖမ်းဆီးခံထားရသူ အချို့ကို အင်းစိန်ထောင်ကနေ ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ပါတယ်။

ခံဝန်နဲ့ ပြန်လွတ်ပြီးနောက် သူတို့ ၂ ဦးဟာ သထုံမြို့၊ သိမ်ကုန်းရပ်ကွက် အလှပြင်ဆိုင်တစ်ခုမှာ အလုပ်လာလုပ်ရင်း ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013