
စစ်ကိုင်းတိုင်း မုံရွာမြို့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အနီး ဆိုင်ကယ်စီးလာတဲ့ လူ ၂ ဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။
စက်တင်ဘာလ ၃ ရက် ညပိုင်း ၇ နာရီလောက်မှာ စစ်ဆေးဖို့ ခေါ်တာ မရပ်ပေးတာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး ကိုသန်းနိုင်စိုး နဲ့ ကိုလမင်းတို့ သေဆုံးသွားတယ်လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
“ဗိုလ်ချုပ် မြင်းစီးရုပ်နားက သေနတ်သံ နှစ်ချက်ကြားလိုက်တယ်။ ဘယ်လိုအကြောင်းနဲ့ ပစ်တယ်ဆိုတာတော့ မသိရဘူး။ အဲဒီနားမှာ လုံခြုံရေးချထားတာတွေ အမြဲရှိတယ်။ ပစ်ခံရတဲ့ နှစ်ယောက်က သေသွားတယ်ကြားတယ်။”
မုံရွာမြို့ လူမှုကယ်ဆယ်ရေးအသင်းတခုက ပစ်ခံရတဲ့ ပြည်သူ ၂ ဦးကို သွားရောက်သယ်ဆောင်ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။