DVB Logo
Home
မြန်မာသတင်း
မုံးကိုးက စစ်ဘေးဒုက္ခသည် ၇၀၀ ကျော် အစားအသောက် အကူအညီ လိုအပ်နေ
DVB
·
September 4, 2021
မုံးကိုးက စစ်ဘေးဒုက္ခသည် ၇၀၀ ကျော် အစားအသောက် အကူအညီ လိုအပ်နေ
1 / 6
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင် မုံးကိုးမှာ စစ်ဘေးဒုက္ခသည် ၇၀၀ ကျော်ထိ ရှိလာပြီး အစားအသောက် အဓိကလိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

အကူအညီ ပေးနေသူတဦးက "လောလောဆယ်တော့ အစားအသောက်တွေ အဓိက လိုနေတယ်။ ဆေးဝါးလည်းလိုတယ်။ နေ့တိုင်း ရှောင်လာတဲ့သူ ထပ်တိုးလာတယ်" လို့ ပြောပါတယ်။

မုံးကိုးမြို့နယ်ခွဲအတွင်းရှိ ရွာ‌ပေါင်း ၉ ရွာက စစ်‌ဘေးရှောင် အိမ်ခြေ ၁၅၀ ကျော်၊ အမျိုးသား ၃၄၀၊ အမျိုးသမီး ၃၆၁ ဦး၊ စုစုပေါင်း ၇၀၄ ဦး ရှိတယ်လို့ လက်ရှိ ကူညီထောက်ပံ့မှုမှာ ဦးဆောင်နေသူ တစ်ဦးက ပြောပါတယ်။

“မနေ့ကတော့ ထပ်တိုး မရှိဘူး။ အခင်းတွေ၊ စောင်တွေ လှူထားတာ မလောက်တော့ဘူး။ အရင်ရောက်တဲ့သူတွေကို ဝေပေးလိုက်တယ်။ နောက် ထပ်တိုးလာတဲ့သူတွေအတွက် မလောက်တော့ဘူး။ လိုနေတယ်။ အစားအသောက်လိုတယ်။ ကလေးများတဲ့အတွက် ကလေးတွေအတွက် ဆေးတွေ အရမ်းလိုနေတယ်” လို့  သူက ပြောပါတယ်။

မုံးကိုးမြို့နယ်ခွဲအတွင်းမှာ ဩဂုတ် ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့က စစ်ကောင်စီနဲ့ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ကောင်းလုံ၊ နမ့်ဟာ၊ ဝေါ်ချုံး၊ မန်ခွမ်၊ နောင်လျန်၊ မန်မော်၊ ဖျင်ဇီးကြိုင် စတဲ့ရွာတွေက ဒေသခံတွေ ဩဂုတေ ၂၉ ရက်‌နေ့ကစ စစ်ဘေးရှောင်လာကြတာ ဖြစ်ပါတယ်။

မုံးကိုးမြို့ ရပ်ကွက် ၄ ဘုရားကျောင်း၊ လီဆူဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးအသိအိမ်တွေမှာ လာရောက် ခှိုလှုံနေကြရတာပါ။

မုံးကိုး လုန်လင်ရွာ၊ ဖျင်ကျိရွာ နဲ့ ရှမှန်ခုံရွာမှာရှိတဲ့ ပြည်သူတွေလည်း မုံးကိုးမြို့အတွင်း လာရောက်စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ ကိုးကန့် သတင်းမှာ ဖော်ပြထားပါတယ်။

ကိုးကန့်သတင်းဌာနက တာဝန်ရှိသူ တစ်ဦးက “သြဂုတ် ၂၈ ရက်‌နေ့ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီဘက်က အနည်းဆုံး အသေအပျောက် ၈၀ ကျော်ရှိတယ်။  အရပ်သား ပြည်သူ ၁၀ နှစ်အရွယ်ကောင်လေး အပါအဝင် ၄ ယောက်သေဆုံးတယ်။  MNDAA ဘက်က အသက်ပေးသွားတာ ၂ ယောက်” လို့  ပြောပါတယ်။

မူဆယ်မြို့နယ် မုံးကိုးမြို့နယ်ခွဲနဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲတွေမှာ ဇူလိုင်လဆန်းပိုင်းကစ လက်ရှိထိ စစ်ကောင်စီနဲ့ MNDAA တို့အကြား၊ စစ်ကောင်စီနဲ့ KIA တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားကာ ရက်ကြာလာတာကြောင့် စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော် အစားအသောက်နဲ့ ဆေးဝါး အရေးပေါ် လိုအပ်နေကြပါတယ်။

Photo Crd# ZD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013