DVB Logo
Home
မြန်မာသတင်း
ပို့ကုန်မှရသည့် နိုင်ငံခြားငွေများ ၄ လအတွင်း ပြန်ရောင်းချရန် စစ်ကောင်စီဗဟိုဘဏ်အမိန့်ထုတ်
DVB
·
September 4, 2021
ပို့ကုန်မှရသည့် နိုင်ငံခြားငွေများ  ၄ လအတွင်း ပြန်ရောင်းချရန် စစ်ကောင်စီဗဟိုဘဏ်အမိန့်ထုတ်
Donate to DVB

ပြည်ပပို့ကုန်ကနေရလာတဲ့ နိုင်ငံခြားငွေတွေကို ၄ လအတွင်း ပြန်ရောင်းချရမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က စက်တင်ဘာ ၃ ရက်နေ့မှာ အမိန့်ထုတ်လိုက်ပါတယ်။

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ထုတ်ပြန်တာလို့ဆိုပါတယ်။

ပြည်ပကို ပို့ကုန်တင်ပို့သူတွေဟာ  ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့တဲ့နေ့ကနေ သတ်မှတ်ကာလအတွင်း နိုင်ငံထဲကဘဏ်စာရင်းထဲကို နိုင်ငံခြားသုံးငွေနဲ့ မပျက်မကွက်ထည့်သွင်းရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်း ထားပါတယ်။

ဒါကြောင့် ပို့ကုန်တင်ပို့သူတွေအနေနဲ့ ကိုယ့်ရဲ့ ဘဏ်စာရင်းထဲကို နိုင်ငံခြားသုံးငွေဝင်ရောက်ပြီးတဲ့နောက် မသုံးဘဲကျန်နေတဲ့ ပို့ကုန်ရငွေတွေကို ငွေဝင်ပြီး ၄ လအတွင်း သက်ဆိုင်ရာ နိုင်ငံခြားသုံးနေငွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်းလုပ်စင်ရ ဘဏ်ကို ဈေးကွက်ပေါက်ဈေးနဲ့ မပျက်မကွက်ရောင်းချရမယ်လို့ ဗဟိုဘဏ် ဥက္ကဌက အမိန့်ထုတ်လိုက်ပါတယ်။

ဒီအမိန့်ဟာ ထုတ်ပြန်လိုက်တဲ့ စက်တင်ဘာ ၃ ရက်နေ့ကစလို့ အကျိုးသက်ရောက်စေရမယ်လို့လည်း ဆိုပါတယ်။

ပြည်ပပို့ကုန်တင်ပို့မှုကနေရတဲ့  ငွေတွေစာရင်းရှင်းလင်းဖို့ ကျန်ရှိနေတဲ့ကုမ္ပဏီပေါင်း ၄၇၀ ကျော်ကို  ဒီကနေ့ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့မှစပြီး လာမည့် ရက်ပေါင်း ၃၀ အတွင်း စာရင်းရှင်းလင်းပေးကြဖို့လည်း  ဗဟိုဘဏ်က အချိန်ထပ်တိုးသတ်မှတ်ကြေညာထားပါတယ်။

စာရင်းရှင်းလင်းဖို့ မူလသတ်မှတ်ထားတဲ့ အချိန်ဟာ ဩဂုတ် ၇ ရက်နေ့ စေ့မှာဖြစ်ပေမဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်နဲ့ ရုံးပိတ်ရက်တွေနဲ့ တိုက်ဆိုင်နေတာကြောင့် နောက်ထပ် တစ်လအချိန်ထပ်တိုးပေးလိုက်တာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေအတွက် စာရင်းရှင်းလင်းဖို့ ကုမ္ပဏီပေါင်း ၄၇၇ ခုကျန်ရှိနေတယ်လို့ ဗဟိုဘဏ်ကနေ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013