DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဘေးက ရွှေအုန်းပင်ထမင်းဆိုင် ဖျက်ဆီးခံရ
DVB
·
September 3, 2021
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဘေးက ရွှေအုန်းပင်ထမင်းဆိုင် ဖျက်ဆီးခံရ
1 / 4
Donate to DVB

မန္တလေးတိုင်း မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဘေးက ကံကောင်းရွာနားက ရွှေအုန်းပင်ထမင်းဆိုင်ကို အမည်မသိ အရပ်ဝတ်လူတစ်စုက စက်တင်ဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းက ဘက်ဟိုးကားတစီးနဲ့ ထိုးပြီး ဖျက်ဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 "ဖျက်ဆီးခံရတဲ့ ရွှေအုန်းပင်ထမင်းဆိုင်က ၅ ဧက ကျယ်တဲ့ ခြံဝင်းထဲမှာ ဆောက်ထားတာ ဇွန်လ၆ရက်နေ့က လက်လုပ်မိုင်းတွေ ပေါက်ကွဲမှုဖြစ်ပြီးနောက် အဖျက်ခံရတဲ့ဆိုင် အပါ ထမင်းဆိုင် ၃ ဆိုင်၊ ဟိုတယ်တို့ အပိတ်ခံထားရတယ်။ အဖျက်ခံရတဲ့ဆိုင်က အလုပ်သမားတွေ လည်း အဖမ်းခံရတယ် ဇွန်လကုန်မှာတော့ ပြန်လွှတ်ပေးတယ်။ ဆိုင်ပိုင်ရှင် လင်မယားကတော့ တိမ်းရှောင်သွားတယ် လက်လုပ်မိုင်းတွေ ပေါက်ကွဲလို့ နည်းပညာတက္ကသိုလ်ကျောင်းသား ကိုရန်နိုင်စိုး သေဆုံးခဲ့တယ်။ ထမင်းဆိုင်ကို ဘယ်သူတွေက ဘာကြောင့် ဖျက်ဆီးတယ် မသိရသေးဖူး နေ့ခင်းကြီးမှာ ပြောင်ပြောင်တင်းတင်း လုပ်နေတာပဲ"လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့ မနက်ကလည်း အမြန်လမ်းဘေးရှိ ရွှေအုန်းပင်ထမင်းဆိုင် ခြံဝင်းထဲမှာ ပေါက်ကွဲမှုတွေဖြစ်ပြီး ရဲနဲ့ စစ်တပ်က ဝင်ရောက်စီနင်း ရှာဖွေခဲ့ရာ လက်လုပ်မိုင်းတွေနဲ့ လက်လုပ်မိုင်းပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး ရွှေအုန်းပင်ထမင်းဆိုင်ကို ပိတ်ထားခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013