DVB Logo
Home
မြန်မာသတင်း
NUGအစိုးရ ကိုယ်စားလှယ်ကိုသာ ရွေးချယ်ရန် တိုကျိုရှိ နိုင်ငံတကာသံရုံးများကို လိုက်လံမေတ္တာရပ်ခံ
DVB
·
September 3, 2021
NUGအစိုးရ ကိုယ်စားလှယ်ကိုသာ ရွေးချယ်ရန် တိုကျိုရှိ နိုင်ငံတကာသံရုံးများကို လိုက်လံမေတ္တာရပ်ခံ
1 / 5
Donate to DVB

ကုလသမဂ္ဂမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ကို လက်ခံပေးဖို့နဲ့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို  ငြင်းပယ်ဖို့ အတွက် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက တိုကျိုမြို့တော်ရှိ နိုင်ငံတကာသံရုံးတွေကိုသွာရောက်ပြီး လိုက်လံ မေတ္တာရပ်ခံနေပါတယ်။ 

စက်တင်ဘာလ ၂ ရက်မနေ့ကတော့ အာဖရိကသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ ကွန်ဂို သံရုံးရှေ့မှာ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများတွေက သွားရောက် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။

စက်တင်ဘာလအတွင်းကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ NUG ကိုယ်စားလှယ်နဲ့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ကိုယ်စားလှယ် ၂ ဦးထဲက တစ်ဦးကို  မြန်မာနိုင်ငံကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ်အဖြစ် အတည်ပြုဆုံးဖြတ်ဖို့ရှိနေတာပါ။

ဒီလိုဆုံးဖြတ်ဖို့အတွက်အဓိကကျတဲ့  Credentials ကော်မတီအဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးတွေကို ဂျပန်ရောက်မြန်မာတွေက သွားရောက်လှည့်လည် စည်းရုံးနေတာလည်းပါတယ်။ 

ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ ဦးမြင့်မောင်က “ပုံမှန်အားဖြင့် ကော်မတီမှာ အမေရိကန်၊ တရုတ်၊ ရုရှား တို့အပါအဝင် တခြားကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ရွေးချယ်ရာမှာ အဖွဲ့ဝင်နိုင်ငံအများဆုံးနဲ့ (၅၅ နိုင်ငံ)စုပေါင်းဖွဲ့စည်းထားတဲ့ အာဖရိကယူနီယံရဲ့ (Africa Union) ပါဝင်ပတ်သက်ထောက်ခံမှုဟာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ဖို့ အတွက် အထူးအရေးကြီးတယ်လို့ ယူဆလို့ အခုလို အာဖရိကယူနီယံဥက္ကဋ္ဌ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကို လာရောက်တောင်းဆိုရတာပါ”လို့ ရှင်းပြပါတယ်။

Credentials ကော်မတီမှာ အဖွဲ့ဝင်အဖြစ်ပါဝင်မယ့် ၅၅ နိုင်ငံ ပူးပေါင်းဖွဲစည်းထားတဲ့ အာဖရိကယူနီယံအနေနဲ့  မြန်မာပြည်သူတွေက ထောက်ခံတဲ့ NUG ကိုယ်စားလှယ်ကို အပြည့်အဝထောက်ခံပေးဖို့  အခုလို လာရောက်မေတ္တာရပ်ခံ ဆန္ဒပြတောင်းဆိုတာလို့လည်း ဦးဆောင်သူတဦးဖြစ်တဲ့ ဦးအောင်ထွန်းလင်းက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက် ကလည်း မြန်မာ့ဒီမိုကရေစီရေးဆောင်ရွက်နေတဲ့  အဖွဲ့အစည်းတွေက တိုကျို မြို့ရှိ အီသီယိုပီးယားနိုင်ငံသံရုံးကိုလည်း သွားရောက်တောင်းဆိုခဲ့ပါသေးတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို ပြတ်သားစွာဆန့်ကျင်ခဲ့ပြီး မြန်မာပြည်သူတွေနဲ့ အတူတသားတည်းရပ်တည်ကြောင်း ကုလသမဂ္ဂမှာပြောကြားခဲ့တဲ့ လက်ရှိ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို စစ်ကောင်စီကတော့  ဖယ်ရှားဖို့ နည်းလမ်းပေါင်းစုံသုံးပြီး ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

သတင်း-ဓာတ်ပုံ- ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013