DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေးနှင့်အတူ တညီတညွတ်တည်းတိုက်ပွဲဝင်ရန် KNU Concerned Group တိုက်တွန်း
DVB
·
September 2, 2021
နွေဦးတော်လှန်ရေးနှင့်အတူ တညီတညွတ်တည်းတိုက်ပွဲဝင်ရန် KNU Concerned Group တိုက်တွန်း
Donate to DVB

စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းစေရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့ နွေဦးတော်လှန်ရေးကြီးနဲ့အတူ တညီတစ်ညွတ်တည်း တိုက်ပွဲဝင်သွားကြဖို့ KNU Concerned Group က ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ပြည်သူလူထုဆန္ဒကို ဆန့်ကျင်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော် အတင်းအဓမ္မအာဏာသိမ်းလိုက်တဲ့ပေါ် တိုင်းရင်းသားလက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ၂၀၁၅ ချုပ်ဆိုထားတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ဟာလည်း ပျက်ပြယ်သွားပြီလို့ မှတ်ယူကြောင်း ထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် အန်စီအေစာချုပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးပန်းတိုင်ကို မရောက်နိုင်တဲ့အပြင် ပါတီထောင်ရွေးကောက်ပွဲဝင်ပြီး လက်နက်ကိုင်တော်လှန်းကို စွန့်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် သွတ်သွင်းထားတဲ့ စာချုပ်သာဖြစ်ကြောင်း ဖော်ပြပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့က ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး နိုင်ငံရေးပါတီတွေ၊ သတင်းမီဒီယာတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တဲ့အပြင် တိုင်းရင်းသားလက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ ထိန်းချုပ်နယ်မြေအသီးသီးတွေမှာလည်း ထိုးစစ်တွေ ထပ်မံဆင်နွှဲလာဖြစ်ပါတယ်။ 

ဒါ့ကြောင့် KNU Concerned Group အနေနဲ့ CRPH/ NUG ကို ကြိုဆိုထောက်ခံပြီး အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေးလှုပ်ရှားတွေတွေကို စွမ်းစွမ်းတမံ ပံ့ပိုး ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ 

CRPH/NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံရေးရပ်တည်ချက်ဖြစ်တဲ့ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဟာ မိမိတို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတို့ရဲ့ တော်လှန်ရေးရည်မှန်းချုပ် ပန်းတိုင်ဖြစ်တဲ့ တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစုံ  ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ထပ်တူဖြစ်တာကြောင့်လို့ ဆိုပါတယ်။ 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရလွှတ်တော်အမတ်တွေကနေ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPH) ကို ဖွဲ့စည်းခဲ့ပြီး မတ် ၃၁ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းထားကြောင်း ကြေညာပါတယ်။ 

အလားတူ ဧပြီ ၄ ရက်နေ့မှာ အမျိုးသားညီညွန်ရေးအစိုးရကို ဖွဲ့စည်းပြီး ဇွန် ၇ ရက်နေ့မှာ စစ်ကောင်စီရဲ့ တပ်ဖွဲနဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013