DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၇ လအတွင်း စစ်ကောင်စီကြောင့် ချင်းတိုင်းရင်းသား ၁၀၀ ကျော် သေဆုံး
DVB
·
September 1, 2021
အာဏာသိမ်း ၇ လအတွင်း စစ်ကောင်စီကြောင့် ချင်းတိုင်းရင်းသား ၁၀၀ ကျော် သေဆုံး
Donate to DVB

အာဏာသိမ်းပြီး ၇ လအတွင်း စစ်ကောင်စီတပ်ကြောင့် ချင်းတိုင်းရင်းသား ၁၀၈ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုများကြောင့် အသက်ပေးခဲ့ရတဲ့ ချင်းတိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ချင်းရေးရာအဖွဲ့က ဇူလိုင်လ ၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ  စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ချင်းတိုင်းရင်းသား ၈၁ ဦးထိရှိခဲ့ကာ အခုသြဂုတ် ၃၁ ရက်နေ့အထိ သေဆုံးသူဦးရေ ၁၀၈ ဦးထိ ရှိလာပြီလို့ ထုတ်ပြန်ထားပါတယ်။

၂ လတာကာလအတွင်း  ၂ ရက်ကို ၁ ဦးနှုန်းနဲ့ သေဆုံးသူ ၂၇ ဦးထိ မြင့်တက်လာကြောင်းလည်း သြဂုတ် ၃၁ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သေဆုံးသူတွေ အမျိုးသမီး ၇ ဦးနဲ့ ၁၈ နှစ်အောက် ကလေးသူငယ် ၁၄ ဦးအပါအဝင် အရပ်သား ၅၇ ဦးနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၁ ဦးအထိ ရှိကြောင်း ဖော်ပြပါတယ်။

သေဆုံးသူတွေထဲက အလောင်းကို သက်သေဖျောက်ကာ မိသားစုဆီ ပြန်မပေး၊ လူ့ဂုဏ်သိက္ခာနဲ့အညီ၊ ချင်းရိုးရာဓလေ့ထုံးတမ်း၊ ခရစ်ယာန်ဓလေ့ ထုံးတမ်းတွေနဲ့အညီ သင်္ဂြိုဟ်ခွင့်မရခဲ့တဲ့ အရပ်သား ၇ ဦး ပါဝင်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့  တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ကျေးရွာလူနေအိမ်တွေအတွင်း  အတင်းအဓမ္မဝင်ရောက်ကျူးကျော်တာ၊ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ရိက္ခာတွေကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုတာ၊ အိမ်တွေကို ဖျက်ဆီးတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ပါရှိပါတယ်။

“ဩဂုတ်လ (၂၅) ရက်နေ့တွင် စစ်ကောင်စီတပ်၏ လူနေအိမ်များအတွင်း လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်မှုကြောင့် ထန်ထလန်မြို့၌ သေဆုံးသူ (၃) ဦးနှင့် နောက်ထပ် အရပ်သား (၈) ဦး ဒဏ်ရာရရှိခဲ့သည်” လို့ ဖော်ပြပါတယ်။

ဒါကြောင့် အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အပေါ် ပစ်မှတ်ထားခြင်း၊  အပြစ်မဲ့ပြည်သူများ အထူးသဖြင့် အမျိုးသမီးတွေနဲ့  ကလေးသူငယ်များအပေါ် တိုက်ခိုက်သတ်ဖြတ်တိုက်ခိုက်တာ ချက်ချင်းရပ်တန့်ရန်ဖို့နဲ့  အရပ်သားများအပေါ် လက်နက်ကြီး၊ လက်နက်ငယ်သုံးပြီး တိုက်ခိုက်ခြင်းမလုပ်ဖို့လည်း စစ်ကောင်စီတပ်ကို တိုက်တွန်းတောင်းဆိုထားပါတယ်။  ဒါ့အပြင် ချင်းတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းကကြားဝင်ပြီး အရေးယူဆောင်ရွက်ပေးဖို့ ထပ်မံတောင်းဆိုကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013