DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာက ပြည်သူ့စစ်နှစ်ဦး အသတ်ခံရ
DVB
·
August 31, 2021
သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာက ပြည်သူ့စစ်နှစ်ဦး အသတ်ခံရ
Donate to DVB

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာမှာ သြဂုတ် ၃၀ ရက်ည ၁၀နာရီဝန်းကျင်လောက်က ဒလန်လို့ သတင်းထွက်ပေါ်နေတဲ့ ကိုလှိုင်ဝင်းနဲ့ ကိုကျော်ဦးဆိုသူ စစ်ကောင်စီခန့်  ပြည်သူ့စစ်နှစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ​ပြောပါတယ်။

ဒေသခံတစ်ဦးက "ည ၁၀ နာရီကျော်လောက်မှာ သေနတ်အချက် ၄၀ ကျော် စကြားရတယ်။ ရွာမှာ pdf လည်း မရှိ လက်နက်လည်း မရှိပေမဲ့ အမည်မသိအဖွဲ့က ဒလန်နှစ်ယောက်ကို ရွာထိလာရှင်းသွားကြတာ။ ဖြစ်ဖြစ်ချင်း တစ်ယောက်က ပွဲချင်းပြီးသေတယ်။ ရုပ်အလောင်း​တွေကို ရင်ခွဲရုံသယ်သွားပြီး ခုထိ ရွာကို ပြန်ရောက်မလာသေးဘူး'' လို့ ပြောပါတယ်။

သူတို့နှစ်ဦးဟာ စစ်ကောင်စီခန့် ကနက်သီရိရွာအုပ်ချုပ်ရေးမှူးရဲ့ အပေါင်းအပါတွေဖြစ်ပြီး ရွာသားတွေကို အနိုင်ကျင့်စော်ကားတာ၊ စစ်ကောင်စီကို သတင်းပေးဒလန်လုပ်တာတွေ ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။ 

ကိုလှိုင်ဝင်းဟာ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဘက်က အဖွဲ့ဝင်ဖြစ်ပြီး ကိုကျော်ဦးကတော့ စစ်ကောင်စီခန့် ပြည်သူ့စစ် အရန်မီးသတ်တပ်ဖွဲ့ဝင်ဖြစ်တယ်လို့ သိရပါတယ်။

ဒလန်နှစ်ဦး သေဆုံးသွားတဲ့ကိစ္စကြောင့် ကနက်သီရိရွာမှာ လာသမျှ ကားတွေ တားဆီးစစ်ဆေးနေပြီး ရွာအဝင်အထွက်လုပ်တဲ့ ရွာသားတွေကိုလည်း မသင်္ကာရင် ဖမ်းထားပြီး ပြန်လွှတ်မပေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

"ည ၁၁ ခွဲမှာတော့ သရက်ချောင်းက စစ်ကား ၈ စီး ရောက်လာပြီး ည ၁၂ ခွဲမှာစပြီး သေနတ်နဲ့ တရစပ်ဖောက်တယ်။ ၁ နာရီလောက်မှာ သုံးစီးကျန်ခဲ့ပြီး ၅ စီးပြန်တက်သွားတယ်။ မနက် ၂ နာရီခွဲမှာ ကတွဲဘက်ကနေ pdf မဟုတ်တဲ့ ရွာသား လူငယ်နှစ်ယောက် ကနက်သီရိကို ပြန်လာကြတာကို စစ်သားတွေက ဖမ်းထားပြီး လက်ပြန်ကြိုးတုပ်ပြီး နှိပ်စက်ထားတယ်။ ဒီနေ့အထိ ပြန်လွှတ်မပေးသေးဘူး'' လို့ ပြောပါတယ်။

ရွာအုပ်ချုပ်ရေးမှူးနဲ့ စစ်သားတွေဟာ ကနက်သီရိရွာအတွင်း အကြောင်းပြချက်မရှိ သေနတ်ခဏခဏ ဖောက်ပြီး ဖမ်းဆီးရိုက်နှက်စစ်ဆေးတာတွေ၊ ငွေတောင်းတာတွေ လုပ်နေတယ်လို့ ရွာသား နောက်တဦးက ပြောပါတယ်။

“၁၀ နာရီ ကင်းလှည့်ချိန်ရောက်ရင် သူတို့  သံသယရှိတဲ့လူတင်မဟုတ်ဘဲ တွေ့တဲ့လူကို ရိုက်တယ်။ စစ်ဖိနပ်နဲ့ ကန်တယ်။ သေနတ်ဒင်နဲ့ ထုတယ်။ အဲ့လိုမျိုး  ရွာမှာတော်တော်သောင်းကျန်းနေကြတာ။ ခုလိုသတ်တာကလည်း တော်တော်သည်းမခံနိုင်လို့ဖြစ်မှာ။'' 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013