DVB Logo
Home
မြန်မာသတင်း
တန့်ဆည်တွင် စစ်တပ်က နေအိမ်များမှ ပစ္စည်းများ အဓမ္မယူပြီး ရွာသားများကို ဖမ်းဆီးသယ်ခိုင်း
DVB
·
August 31, 2021
တန့်ဆည်တွင် စစ်တပ်က နေအိမ်များမှ ပစ္စည်းများ အဓမ္မယူပြီး ရွာသားများကို ဖမ်းဆီးသယ်ခိုင်း
1 / 7
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းကကျေးရွာတွေကို စစ်တပ်က ခြိမ်းခြောက်ပစ်ခတ်တာတွေလုပ်ပြီး နေအိမ်တွေက ပစ္စည်းတွေကိုယူပြီး ရွာသား ၄ ဦးအား ဖမ်းဆီး သယ်ဆောင်ခိုင်းတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကပေါင်းကျရွာကို စီးနင်းပစ်ခတ်ခဲ့တဲ့ စစ်တပ် အင်အား ၁၅၀ လောက်ဟာ ဒီနေ့အထိ တပ်ပြန်ဆုတ်ခြင်းမရှိသေဘေဲ စစ်ကြောင်းတွေခွဲပြီး ပတ်ဝန်းကျင်ကျေးရွာတွေကို လှည့်လည်ကာ ခြောက်လှန့်ပစ်ခတ် မောင်းထုတ်ပြီး နေအိမ်တွေက ပစ္စည်းတွေ ယူဆောင်နေတာလို့ ဒေသခံတဦးက ပြောပါတယ်။

“လိပ်ခြံရွာထဲမဝင်ခင် လက်နက်ကြီးတွေနဲ့ထုတယ်။‌ နေအိမ်တွေ၊ ဈေးဆိုင်တွေလည်း လိုခြင်တာယူပြီး ဖျက်ဆီးသွားတယ်။ ဘုန်းကြီးကျောင်းကပစ္စည်းတွေလည်း ဖျက်ဆီးသွားကြတယ်။ အိမ်မွေးတိရစ္ဆာန်အချို့ကိုလည်း ရိက္ခာအတွက် သတ်ဖြတ်ယူသွားကြသေးတယ်။ သွပ်မိုးတွေကိုလည်း သေနတ်နဲ့ပစ်ခတ်လို့ စကာပေါက်တွေဖြစ်သွားတယ်။ ရွာသား ၄ ယောက်လောက်ကိုဖမ်းခေါ်ပြီး ပစ္စည်းထမ်းခိုင်းတယ်လို့ပြောတယ်၊။ အိုင်လျားရွာမှာလည်း အခုလိုလုပ်သွားတာပဲတဲ့၊ တောတဲတခုက ငွေတစ်သိန်း နဲ့ ရွှေတစ်ကျပ်သားလည်း ယူသွားကြတယ်။” 

စစ်တပ်က တပ်ဖြန့်စီးနင်းတာတွေလုပ်နေတဲ့အတွက် ကပေါင်းကျရွာအပါအဝင် ကျေးရွာ ၅ ရွာကာ ဒေသခံပြည်သူ ၆၀၀၀ လောက် မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

တန့်ဆည်မြို့နယ်၊ ကပေါင်းကျရွာကို ဩဂုတ် ၂၆ ရက်နေ့က ဝင်ရောက်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံ ၇ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒေသခံတွေရဲ့ ကြက်၊ ဝက်၊နွားတွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013