Home
မြန်မာသတင်း
ညောင်ဦးမြို့ ကမ်းနားလမ်း နေအိမ်များ မြစ်ရေဝင်ရောက်
DVB
·
August 31, 2021
240907619_3065459140377791_3403119900355180791_n
240505036_3065458880377817_902699601018394775_n
240462881_3065459110377794_7319814019972932967_n
240128419_3065458687044503_647328206963678689_n
236633388_3065458763711162_7433278735605207758_n

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းဒေသ ဧရာဝတီမြစ်ကမ်းဘေး ကမ်းနားလမ်းရှိ နေအိမ်များ သြဂုတ် ၃၀ ရက် ညနေပိုင်းက မြစ်ရေဝင်ရောက်နေတာကြောင့် ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြတယ်လို့ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။

ညောင်ဦးမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ သြဂုတ် ၃၀ ရက် ညနေပိုင်းက ၂၁၀၈ စင်တီမီတာ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ် ရောက်ဖို့ ၆လက်မ (၁၂ စင်တီမီတာ) အလိုမှာ ရှိနေတာပါ။

လက်ရှိ ညောင်ဦးမြို့ အမှတ် ၁၊ ၂၊ ၄ ရပ်ကွက်တို့ရှိ ကမ်းနားလူနေအိမ် ၄၀ လောက် မြစ်ရေဝင်ရောက်နေတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ဧရာဝတီမြစ်ရေကြီးချိန် ရေဝင်ရောက်လေ့ရှိတဲ့ ကမ်းနားလမ်းရှိ ရပ်ကွက်တွေနဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်နေပါပြီ၊ လက်တစ်လောအခြေအနေမှာ စိုးရိမ်ဖွယ်မရှိသေးပါဘူး၊ မြစ်ရေဆက်လက်မြင့်တက်လာနိုင်တယ် ပြောတော့ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေပြီ။”

အခုရက်ပိုင်းအတွင်း ရက်ဆက်မိုးရွာသွန်းမှုကြောင့် မြစ်ရေဆက်လက်မြှင့်တက်နိုင်ရာ နှစ်စဉ် ရေဝင်လေ့ရှိတဲ့ ရပ်ကွက်တွေမှာ မြို့နယ်မီးသတ်ဦးစီးဌာနမှ အသိပေးတာတွေ လုပ်ဆောင်ပေးနေပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့ရဲ့ စိုးရိမ်ရေအမှတ်ကို နောက်နှစ်ရက်အတွင်း ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ညောင်ဦးမြို့နယ်မှာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးနဲ့ အခြားသော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ၀၆၁ ၂၄၆၀၁၉၁၊ အရေးပေါ်   ၁၉၁ နဲ့ ၀၉ ၄၀၂၇၅၃၈၉၆ တို့သို့ အချိန်မရွေး ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024