DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် ဝိုင်းဖွဲ့အရက်သောက်သည့် သံဃာများ ဖမ်းဆီးခံရ
DVB
·
August 30, 2021
ချင်းမိုင်တွင် ဝိုင်းဖွဲ့အရက်သောက်သည့် သံဃာများ ဖမ်းဆီးခံရ
1 / 7
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ကျောင်းထိုင်ကိုယ်တော် ဦးဆောင်ပြီး အရက်ဝိုင်းဖွဲ့နေတဲ့ သံဃာ ၁ ဂိုဏ်းကို တာဝန်ရှိသူတွေက ဝင်ရောက်ဖမ်းဆီးလိုက်တယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ချင်းမိုင်မြို့လည်  ကျုံးဘေးက ဝပ်ပန်းဆောဝ်အမည်ရှိ ကျောင်းတိုက်မှာ သံဃာတချို့ ဝိနည်းနဲ့မညီညွတ်ကြောင်းတိုင်ကြားချက်ရတဲ့အတွက် တာဝန်ရှိသူတွေက မနေ့ညကသွား ရောက်စစ်ဆေးခဲ့တယ်လို့ ချင်းမိုင်မြို့မရဲစခန်း တာဝန်ကျစခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။

တာဝန်ရှိသူတွေက ကျောင်းတိုက်ထဲကို တံခါးဖွင့်ပြီးဝင်ရောက်သွားတဲ့အခါ အလည်မှာ ဝက်သားကင်အိုး၊  အမြည်းအမယ်စုံနဲ့ အရက်ရော ဘီယာပါ ဝိုင်းဖွဲ့သောက်စားနေတဲ့ သံဃာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေကိုတွေ့တော့ အားလုံးပျာပျာသလဲဖြစ်ကုန်ကြောင်း ၊ ဝိုင်းဖွဲ့သောက်စားတဲ့ထဲမှာ သံဃာ ၆ ပါးနဲ့ လူ ၁ ယောက်ပါကြောင်း၊ စစ်ဆေးမေးမြန်းရာမှာ အရက်ဘီယာဝိုင်းဖွဲ့သောက်မိတာကို ဝန်ခံပြီး ကျောင်းထိုင်ကိုယ်တော်ကိုယ်တိုင် ဦးဆောင်တာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့အားလုံးကို ဒီကနေ့မနက် ၈ နာရီမှာ ရဲစခန်းကိုလာရောက်ဖို့ ခေါ်ထားပြီး ထပ်မံစစ်ဆေးမေးမြန်းခဲ့ကြောင်း ၊ လောလောဆယ် အနေနဲ့တော့ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးဥပဒေအရလူစုလူဝေးဝိုင်းဖွဲ့သောက်စားခြင်းနဲ့ အရေးပေါ်ကြေညာချက်  ဥပဒေ ချိုးဖောက်မှုနဲ့ ကနဦး အမှုဖွင့်အရေး ယူထားတယ်လို့  သတင်းမှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013