DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ကောင်းလုံနှင့် နမ်ဟာရွာသား ၆၀၀ ကျော် မုံးကိုးမြို့သို့ တိုက်ပွဲရှောင်
DVB
·
August 30, 2021
တိုက်ပွဲကြောင့် ကောင်းလုံနှင့် နမ်ဟာရွာသား ၆၀၀ ကျော် မုံးကိုးမြို့သို့ တိုက်ပွဲရှောင်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ ကောင်းလုံရွာနဲ့ နမ်ဟာရွာတို့ဘက်မှာ စစ်ကောင်စီနဲ့ MNDAA တပ်တို့ အကြားတိုက်ပွဲ ပြင်းထန်လာတာကြောင့် နမ်ဟာရွာနဲ့ ကောင်းလုံ ရွာခံ ၆၀၀ ကျော် ဩဂုတ် ၂၉ ရက်နေ့က မုံးကိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြရတယ်လို့ စစ်ပြေးဒုက္ခသည်တွေနဲ့ မုံးကိုးမြို့ခံ တွေက ပြောပါတယ်။

"နမ်ဟာရွာဘက်မှာက မနက် ၆ နာရီကတည်းက တိုက်ပွဲဖြစ်တာ မွန်းလွဲ ၂ နာရီလောက်မှ ငြိမ်သွားတယ်။ ၃ နာရီလောက်မှာ အသံထပ် ကြားသေးတယ်။ ခဏလောက်ပဲ။ ခုတော့ ငြိမ်သွားပြီ"  လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပြတယ်။

ဩဂုတ်လ ၂၉ ရက် ညနေပိုင်း ပစ်ခတ်မှု ငြိမ်သွားပြီးတဲ့အခါကျမှ နမ်ဟာ ရွာသားတချို့ ရွာပြန်ပြီး အလောင်းတွေ ပြန်သွားကောက်ကာ သင်္ဂြိုဟ်ခဲ့ရတာဖြစ်ပြီး နေအိမ်ထိခိုက်ပျက်စီးတာတွေ၊ မီးလောင်တာတွေနဲ့ ရွာထဲမှာ ဘာတွေဖြစ်သေးလဲဆိုတာ ဘာမှ မသိရသေးဘူး။ လိုက်လည်း မကြည့်ရသေးဘူးလို့ ဒေသခံက ပြောပါတယ်။

ကောင်းလုံရွာခံတွေက မုံးကိုး ကချင်ဘုရားကျောင်းဝင်းမှာ၊ နမ်ဟာ ရွာခံတွေက မုံးကိုးက ဆွေမျိုး အသိအိမ်နဲ့ ဘုန်းကြီးကျောင်းမှာ လောလောဆယ် ခိုလှုံနေကြရတယ် လို့ ဆိုပါတယ်။

“ကောင်းလုံရွာနဲ့ နမ်ဟာရွာ က မုံးကိုးကနေ ၅ မိုင်ခန့်အကွာမှာရှိပြီး  လမ်းလျှောက်ဆင်းလာတာ ၂ နာရီ လောက်ကြာတယ်။ တချို့က ဆိုင်ကယ်နဲ့ လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ကြောက်လန့်တကြား လောလောနဲ့ ဘာမှ မပါလာဘူး။ အစားအသောက်နဲ့ စောင်တွေလိုမယ်ထင်တယ်။ အခြေအနေ မသိရသေးတော့ ဘာမှမသိသေးဘူး။ လူဦးရေက အတိအကျ မသိသေးဘူး။ ခုမှ လုပ်နေတုန်းလို့ လက်ရှိ စစ်ရှောင်ထဲက စီမံခန့်ခွဲနေသူက ပြောပါတယ်။

ကောင်းလုံမှာ အိမ်ခြေ ၂၇ အိမ်ရှိပြီး လူဦးရေ ၆၀ ကျော်နဲ့ နမ့်ဟာမှာ အိမ်ခြေ ၁၀၃ အိမ်နဲ့ လူဦးရေ ၅၅၈ ဦးရှိကာ ၅ မိုင်ခန့် လမ်းလျှောက် သွားလာဖို့ မလွယ်တဲ့ သက်ကြီးပိုင်းတွေသာ အိမ်ှာ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင်လဆန်း၏ကတည်းက မုံးကိုး ဒေသမှာ စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ထောင်းဆိုင်၊ မန့်ယန်၊ ဘန်မွေ ရွာတို့က ဒေသခံ ၁၉၀ ကျော် တရုတ်နယ်စပ်လောက်တဲန့် ဘက် တိုက်ပွဲ ရှောင်နေရဆဲ ဖြစ်ပြီး စစ်ကောင်စီ ဘက်က စားနပ်ရိက္ခာ လမ်းကြောင်း ပိတ်ဆို့ဖြတ်တောက် ထားတာကြောင့် ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေရဲ့ အစားအသောက် ပြတ်လပ်မှု ပြဿနာကို MNDAA ဘက်က ဆန်၊ ဆီ၊ ဆား ထောက်ပံ့ ပေးပေမယ့် ဆေးဝါးပစ္စည်းတွေ အရေးပေါ်လိုအပ်နေတဲ့အပြင် တခြား စားသောက်ကုန်တွေကို တရုတ်နိုင်ငံဘက်ရှိ တိုင်းရင်းသားတွေဆီ အကူအညီ တောင်းမှာဝယ်လို့ ရပေမယ့် ကိုဗစ် သတ်မှတ်ချက်တွေကြောင့် ကာထားတဲ့ နယ်ခြားစည်းရို ကနေ ပစ်ပေးပြီး ကောက်ယူ စားသုံးရတဲ့ အခြေအနေထိ ဖြစ်နေတယ် လို့ ဒေသခံ တစ်ဦး က ပြောပါတယ်။

မုံးကိုးမြို့နယ်အတွင်း တချို့နေရာတွေမှာ သြဂုတ် ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲ ပိုမိုပြင်းထန်လာတာ ဖြစ်ပါတယ်။

Photo Crd# The Kokang, ဒေသခံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013