DVB Logo
Home
မြန်မာသတင်း
“လူငယ်တွေ တော်လှန်ရေးရဲဘော်တွေကို စာနာ၊ ကူညီ၊ ထောက်ပံ့ပေးကြပါ”–ဒါရိုက်တာ ကိုပေါက်
DVB
·
August 30, 2021
“လူငယ်တွေ တော်လှန်ရေးရဲဘော်တွေကို စာနာ၊ ကူညီ၊ ထောက်ပံ့ပေးကြပါ”–ဒါရိုက်တာ ကိုပေါက်
Donate to DVB

မြန်မာပြည်အနှံ့က စစ်အာဏာရှင်ဆန့်ကျင်တိုက်ပွဲဝင် လူငယ်တွေ၊ တော်လှန်ရေးရဲဘော်တွေကို စာနာပေးကြဖို့နဲ့ ကူညီထောက်ပံ့ပေးကြဖို့ ဒါရိုက်တာ ကိုပေါက်က တိုက်တွန်းလိုက်ပါတယ်။

“မြန်မာနိုင်ငံကို အသက်မရှိတဲ့ ရွှေ့ပြောင်းလို့မရတဲ့ မြေကြီးတစ်ခုလိုမမြင်ဘဲ သက်ရှိလူသားတစ်ယောက်လို အစားထိုးခံစားကြည့်စမ်းပါ။ တော်တော်သနားဖို့ ကောင်းတယ်။ ရင်နာစရာအဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရတယ်။ နှစ်ပေါင်း၇၀ကျော် အနိုင်ကျင့် နှိပ်စက်တာကိုခံခဲ့ရတယ်။ အခုလည်း ခံနေရတုန်းပဲ။ သူ့ရဲ့ နာကျင်ခံစားခဲ့ရတဲ့ ဝေဒနာတွေကို ကျနော်တို့ရဲ့ အသက် သွေး ချွေး ဘဝတို့နဲ့ ရင်းပြီး ကုစားပေးကြရမယ်”လို့ ဒါရိုက်တာ ကိုပေါက်က ဆိုပါတယ်။

ဒါရိုက်တာ ကိုပေါက်ဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်က တည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်ကာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးဟာ သမိုင်းပေးတာဝန်တခုဖြစ်ပြီး ကိုယ့်အသိစိတ်နဲ့ကိုယ် လိပ်ပြာလုံလုံနဲ့ပေးဆပ်ရင်း ကိုယ့်သမိုင်းကိုယ်ရေးကြရမယ်လို့ သူက ပြောပါတယ်။

“အခုကျနော်လျှောက်နေတဲ့လမ်းကနေ ဘယ်တော့မှနောက်ပြန်လှည့်လာမှာလည်း မဟုတ်ဘူး။ အရင်က သက်သောင့်သက်သာ ဘဝတွေထက် ခက်ခဲမယ်ဆိုတာသိတယ်။ သိ သိနဲ့ ရွေးခဲ့တဲ့ခရီးအတွက် ဘယ်လိုအကြောင်းအရာမျိုးကိုမှ မငြီးညူခဲ့ဘူး။ ဒုက္ခထဲမှာ ကျ နော်ပျော်ပါတယ်။ အရေးတကြီးပြောချင်တာက ကျနော်တို့ထက်ဆိုးတဲ့ ကလေးတွေက အများကြီးပါ။ ကျနော်တို့ ဒုက္ခက သူတို့တွေ ရင်ဆိုင်နေရတာထက် အများကြီးသေးပါတယ်။ မြန်မာပြည်အနှံ့က လူငယ်တွေ တော်လှန်ရေးရဲဘော်တွေကို စာနာပေးပါ၊ ကူညီပေးပါ၊ ထောက်ပံ့ပေးကြပါ။နောက်ဆုံး မေတ္တာပေးပါ”

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံ တော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၇ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၀၂၆ ယောက်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၇,၆၀၀ ကျော် ထိ ရှိခဲ့ပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013