မန်စီးတီးအမှုကိစ္စ မေးခွန်းများကြောင့် နည်းပြ မာရက်စကာ စိတ်မသက်သာ
DVB
·
October 10, 2026

မန်စီးတီးအသင်းနည်းပြ အန်ဇိုမာရက်စကာဟာ သတင်းစာရှင်းလင်းပွဲမှာ မန်စီးတီးအသင်းရဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဆက်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။
မာရက်စကာဟာ ၁၅ မိနစ်ကြာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခက်ခဲတဲ့ မေးခွန်းပေါင်း များစွာကို ဖြေကြားခဲ့ရတာ ဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲ ၁၃ မိနစ်ရောက်မှသာ ဟာလန်းရဲ့ ကြံ့ခိုင်မှုအခြေအနေအကြောင်း မေးမြန်းမှု ရောက်လာခဲ့ပြီး မာရက်စကာ သက်ပြင်းချနိုင်ခဲ့တာပါ။ မန်စီးတီးရဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်တဲ့ ရိုက်ခတ်မှုတွေဟာ တရာသီလုံး ဆက်လက် ရှိနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။
Photo: Reuters











