DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော် ခလရ ၅၈ တပ်ရဲ့ ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ ၃ ဦးထက်မနည်း ဖမ်းဆီးခံရ
DVB
·
August 29, 2021
ဝိုင်းမော် ခလရ ၅၈ တပ်ရဲ့ ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ ၃ ဦးထက်မနည်း ဖမ်းဆီးခံရ
1 / 5
Donate to DVB

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ မဒိန်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ ၅၈ တပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထမ်မံသေဆုံးခဲ့ပြီး ၃ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အသက် ၆၀ ကျော်အရွယ် ဦးခေါဇုန်း ဖြစ်ပြီး ဩဂုတ် ၂၇ ရက်ညက မဒိန်ကျေးရွာအထွက် လယ်တောကို သွားရာမှ အိမ်ပြန်မရောက်လာဘဲ ပစ်သတ်ခံခဲ့ရကြောင်း ဩဂုတ် ၂၈ ရက်နေ့မှ သိရတာလို့ ဒေသခံတွေ ပြောပါတယ်။

သြဂုတ်လ  ၂၈ ရက် နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီရဲ့ ခလရ ၅၈ တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် တန်ဘောင်၊ မဒိန်နဲ့ ခကွန် စတဲ့  ကျေးရွာတွေက ပြည်သူအချို့ နီးစပ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ခကွန်ကျေးရွာနဲ့ မဒိန်ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် နေအိမ်အချို့ပျက်စီးခဲ့ကာ လူနဲ့တိရစ္ဆာန် သေဆုံးခြင်း ရှိ၊ မရှိဆိုတာ မသိရသေးပါဘူး။

စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက်  မဒိန်ကျေးရွာက အမျိုးသား ၃ ဦးကို ခလရ ၅၈ တပ်ရင်းက အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“၁ ယောက်က ဈေးသွားဝယ်ရင်း ဖမ်းခံရတာ။ ကျန်တဲ့ ၂ ယောက်ကလည်း လမ်းပေါ်မှာ ဖမ်းခံရတာ။ အဲဒီအချိန်မှာလည်း ပစ်ခတ်နေတာပဲ။”

ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့ကလည်း ဝိုင်းမော်မြို့ကနေ ဈေးဝယ်ပြန်လာတဲ့ အမျိုးသမီးတဦး ခလရ ၅၈ တပ်ရှေ့မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013