DVB Logo
Home
မြန်မာသတင်း
MNDAA ကိုးကန့်ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့က မုံးကိုးပြည်သူများကို စားနပ်ရိက္ခာထောက်ပံ့
DVB
·
August 28, 2021
MNDAA ကိုးကန့်ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့က မုံးကိုးပြည်သူများကို စားနပ်ရိက္ခာထောက်ပံ့
1 / 4
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁)၊ မုံးကိုးဒေသအတွင်းမှာ  တိုက်ပွဲတွေကြောင့် စားနပ်ရိက္ခာခက်ခဲနေတဲ့ ဒေသခံတိုင်းရင်းသားပြည်သူတွေကို MNDAA ကိုးကန့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ် ၂၈ ရက်နေ့က အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ကိုးကန့်သတင်းဌာနက ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဇူလိုင်လဆန်းပိုင်းကတည်းက စတင်ပြီး မုံးကိုးဒေသအတွင်းကို အင်အားအလုံးအရင်နဲ့ ထိုးစစ်ဆင် ဝင်ရောက်လာတာကြောင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် (MNDAA) တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ထိုးစစ်စတင်တဲ့ ဇူလိုင်လမှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မုံးကိုးဒေသ၊ လွီယန်ထန်ကျေးရွာအနီးရှိ ပြည်သူတွေကို စစ်ကောင်စီတပ် အခြေစိုက်ရာ ဖုန်ဆင့်ဒေသဘက်ကို အတင်းအဓမ္မပြောင်းရွှေ့နေထိုင်စေခဲ့ပြီး လမ်းကြောင်းတွေကိုလည်း ဖြတ်တောက်ခဲ့တာကြောင့် ဒေသတွင်းကျေးရွာတွေက ပြည်သူတွေမှာ စားနပ်ရိက္ခာပြတ်လပ်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒီလို စားနပ်ရိက္ခာခက်ခဲနေတဲ့ မုံးကိုးဒေသက ပြည်သူတွေကို MNDAA မုံးကိုးဒေသပြည်သူ့အုပ်ချူပ်ရေးအဖွဲ့ရုံးက အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ခဲ့တာပါ။

ဒါ့အပြင် ဆက်လက်ပြီးလည်း ဒေသခံပြည်သူတွေနဲ့ စစ်ဘေးဒုက္ခသည်ကို အချိန်ကာလ အပိုင်းအခြားတခုအထိ စားနပ်ရိက္ခာတွေ ကူညီပေးသွားမယ်လို့ မုံးကိုးခရိုင်ပြည်သူ့အုပ်ချူပ်ရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း MNDAA ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တွေကြား မုံးကိုးနဲ့ ပန်ဆိုင်း (ကြူကုတ်) ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူလူထု ၂၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013