DVB Logo
Home
မြန်မာသတင်း
မိုးကုတ်က ဖမ်းဆီးခံလူငယ် ၁၁ ဦးနှင့် အဆက်သွယ်မရသဖြင့် မိသားစုဝင်များ စိုးရိမ်
DVB
·
August 28, 2021
မိုးကုတ်က ဖမ်းဆီးခံလူငယ် ၁၁ ဦးနှင့် အဆက်သွယ်မရသဖြင့် မိသားစုဝင်များ စိုးရိမ်
Donate to DVB

မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပတ်သက်တယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတဲ့ လူငယ် ၁၁ ဦးနဲ့ သြဂုတ် ၂၈ ရက်နေ့ထိ တွေ့ခွင့်မရတာကြောင့် မိသားစုဝင်တွေ စိုးရိမ်ပူပန်နေကြတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

နီးစပ်သူတစ်ဦးက “ဖမ်းသွားတာ နှစ်ပတ်ကျော်ပြီ၊ ဘယ်မှာဖမ်းထားလဲ မသိရဘူး၊ ထမင်းသွားပို့လို့လည်းမရဘူး၊ ရဲစခန်းကိုသွားမေးတော့လဲ မသိဘူးလို့ဖြေတယ်” လို့ ပြောပါတယ်။

ကိုခန့်ကိုကိုကျော်နဲ့သူငယ်ချင်း ၁၁ ယောက်ကို သြဂုတ်လ ၁၁ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီးနောက် မိသားစုနဲ့ လုံးဝ အဆက်သွယ်ပြတ်တောက်နေတာလို့ သိရပါတယ်။

မိသားစုဝင်တွေအနေနဲ့ ဘယ်ကို ဖမ်းသွားလဲဆိုတာကို သိချင်နေကြပြီး ဖမ်းဆီးခံထားရတဲ့ လူငယ်တွေက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပတ်သက်သူမဟုတ်ဘဲ သပိတ်တွေမှာသာ ရှေ့ဆုံးမှာ ပါခဲ့သူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လမှာ အကြမ်းဖက်စစ်အုပ်စေက ဖမ်းဆီးမှုတွေဆက်တိုင်ပြုလုပ်နေပြီး ဒလန်သတင်းပေးတွေနဲ့ ရပ်ကွက်တွေမှာ ဝင်ရောက်ရှာဖွေစစ်ဆေးတာမျိုးတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013